About Us

သျှမ်းသမိုင်း ဘလော့ဂ်ကို ၂၀၀၉ ခုနှစ် ဇွန်လမှာ စတင်တည်ထောင်ခဲ့ပါတယ်။ စတင်ခဲ့စဉ်က အဖွဲ့ဝင် အနည်းငယ်ရဲ့အင်အားနဲ့ လည်ပတ်ခဲ့ပြီး နောက်ပိုင်းမှာတော့ တစ်နှစ်ကျော် နှစ်နှစ်နီးပါးခန့် အကြောင်းအမျိုးမျိုးကြောင့် ရပ်နားခဲ့ရပါတယ်။ ယခုပြန်လည် လည်ပတ်ဖို့စီစဉ်နေတဲ့အချိန်မှာတော့ ၂၀၁၁ ကနေ ၂၀၀၁၂ ကိုကူးပြောင်းတဲ့ အချိန်ခါ၊ တနည်းအားဖြင့် ၂၀၀၁၁ ခုနှစ် တန်ဆောင်မုန်းလ ရောက်နေပါပြီ။ ၂၀၁၁ ခုနှစ်ရဲ့ တန်ဆောင်တိုင် အခါသမယကို ကြိုဆိုခြင်းအားဖြင့်လည်းကောင်း ပြန်လည် လွှင့်တင်နိုင်ဖို့ ကြိုးစားနေပါတယ်။

ကြိုးစားမှုတွေအထဲမှာ ရှမ်းဘာသာ၊ အင်္ဂလိပ်ဘာသာတွေနဲ့ ရေးဖို့ပါပါတယ်။ ဒါတွေကတော့ လက်ရှိအချိန်မှာ တစ်ဦးတစ်ယောက်တည်း ထိန်းသိမ်း လုပ်ဆောင်နေရတဲ့အချိန်မှာ မဖြစ်နိုင်သေးပါဘူး။ အဲဒါကြောင့် ရှမ်းဘာသာနဲ့ ရေးဖို့၊ အင်္ဂလိပ် ဘာသာနဲ့ရေးဖို့ ကူညီနိုင်မယ့်သူများကို ဒီနေရာကနေ ဖိတ်ခေါ်လိုက်ပါတယ်။

နောက်တစ်ချက် အဓိက ပြောချင်တာကတော့ ကျွန်တော်တို့ဟာ သမိုင်းဆရာများ မဟုတ်ပါဘူး။ ဒါကြောင့် ရှမ်းသမိုင်းဘလော့ဂ်ဟာ ကျွန်တော်တို့ လက်လှမ်းမှီသမျှ စာအုပ်စာပေတွေထဲကနေ တိုက်ရိုက် ကူးပြီး တင်ထားတာမျိုး၊ ဘာသာပြန်ပြီး တင်ထာားတာမျိုးများ ဖြစ်ပါတယ်။ အဲဒါကလည်း ခုလို နည်းပညာ ထွန်းကားလာတဲ့ ခေတ်ကြီးထဲမှာ နေရာတကာမှာ ပြန့်နှံ့နေတဲ့ စာအုပ်တွေကို တစ်နေရာမှာ စုစည်းပေးထားသလိုလည်း ဖြစ်ပါတယ်။ ကူးယူ၊ ဘာသာပြန်ထားတဲ့ စာမူများအောက်မှာ မူရင်း ရေးသားသူ၊ စာအုပ်အမည်များကို တတ်နိုင်သမျှ ထည့်ပေးထားပါတယ်။ အချို့သော စာအုပ်များကတော့ အချိန်ကာလ ကြာပြီဖြစ်တဲ့အတွက် ရေးသားသူအမည်များ၊ စာအုပ် အမည်များ မပါရှိတာတွေကြောင့်သာ ချန်လှပ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

မူရင်း ရေးသားသူများကိုလည်း ဒီနေရာကနေ ခွင့်ပန်လိုက်ပါရစေ။

Shan History
History Cann't Change!