ရှမ်းပြည်နယ်သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ အရှေ့အလယ်ပိုင်းတွင်
တည်ရှိ၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံဖက်သို့
ထိုးထွက်နေသော အစိတ်အပိုင်း ဖြစ်သည်။ လတ္တီတွတ်အားဖြင့် ရှမ်းပြည်နယ်တွင်
တောင်ဖက်အကျဆုံးဖြစ်သော မိုးဗြဲနယ်၏ တောင်ဖက်ဆုံးပိုင်းသည် မြောက်လတ္တီတွဒ်
၁၉ံ ၂၈' ခန့်ရှိ၍ မြောက်ဖက်တွင် မြောက်ဖက်အကျဆုံး မိုးမိတ်နယ်၊
သိန္နီနယ်နှင့် ကိုးကန့်နယ် မြောက်ဖျားပိုင်းများသည် မြောက်လတ္တီတွဒ် ၂၄ံ ၉'
ခန့်တွင် ရှိသည်။ လောင်ဂျီတွဒ်မျဉ်းအရဆိုသော အရှေ့လောင်ဂျီတွဒ် ၉၆ံ ၁၅'
မှ ၁၀၁ံ ၁၃' ကြားတွင် တည်ရှိသည်။ မြောက်ယဉ်စွန်းတန်းသည် ရှမ်းပြည်နယ်၏
မြောက်ဖက်ဆုံးနယ်များဖြစ်သော ကိုးကန့်နယ်၊ သိန္နီနယ်နှင့်
မိုးမိတ်နယ်များကို ဖြတ်သွားသည်။
ရှမ်းပြည်နယ်သည်
မြန်မာနိုင်ငံ၏ အရှေ့ဖက်ဆုံးပြည်နယ်ဖြစ်၍ အခြားနိုင်ငံများနှင့်
ထိစပ်နေသည်။ အရှေ့မြောက်ဖက်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံရှိ၍
အရှေ့တောင်ဖက်နှင့် တောင်ဖက်တွင် လောနိုင်ငံနှင့် ထိုင်းနိုင်ငံများ
အသီးသီးရှိကြသည်။ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းတွင် ရှမ်းပြည်နှင့်
ထိစပ်နေသော ပြည်နယ်များနှင့် တိုင်းများမှာ မြောက်ဖက်တွင် ကချင်ပြည်နယ်၊
အနောက်ဖက်တွင် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း၊ တောင်ဖက်တွင်
ကယားပြည်နယ်များ အသီးသီးရှိကြသည်။
ရှမ်းပြည်နယ်သည်
ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပြည်နယ်များတွင် အကြီးဆုံး ပြည်နယ်ဖြစ်၍ ဧရိယာ
စတုရန်းမိုင်ပေါင်း ၆၁၀၉၀ ရှိသည်။ ရှမ်းပြည်နယ်၏ ပုံပန်းသဏ္ဍန်မှာ
ကြိဂံပုံဖြစ်၍ အောက်ခြေမှာ အနောက်ဖက်တွင်ရှိကာ ထိပ်ချွန်မှာ အရှေ့ဖက်တွင်
ရှိသည်။
{ တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ }