ရှမ်းလူမျိုးများ၏ နတ်ကိုးကွယ်ခြင်း အပေါ်ယုံကြည်မှုသဘောထား

ရှမ်းလူမျိုးတို့သည် နတ်ကို မယုံကြည်ခြင်းမဟုတ်။ နတ်သမီး၊ နတ်သားတို့ အားအရှမ်းအခေါ် ခွန်ဖီ၊ နန်းဖီဟု ခေါ်သည်။ ဗမာများကဲ့သို့လို.. နတ်ဝင်သည်.....

ရှမ်းအိုးစည်

ဒါကတော့ ရှေးယခင်က မောရှမ်းတွေတီးတဲ့ ရှမ်းအိုးစည်ပါ ဓနုအိုးစည်နဲ့ဆင်ပါတယ်....ဒါပေမယ့်.....

၂၀၀၉ ရှမ်းနှစ်သစ်ကူးကထိန် (တောင်ကြီး)

ကျိုင်းတုံကျောင်းရှေ့စုရပ်တွင် ရှမ်းအိုးစည်တီးဗုံမောင်းတီး၍ ပျော်ရွှင်စွာ ကခုန်ကြနေကြစဉ် .....

Jun 26, 2012

အရှောင်နှင့် အဆောင်များ

ကုန်သည်အိမ်များတွင် ပလွေမှုတ်ခြင်း၊ လေချွန်ခြင်း မပြုလုပ်ရ။ လာဘ်တိတ်တတ်သည်ဟု ယူဆကြသည်။ ဇီးကွက်များ ရပ်ရွာတွင် အော်မြည်ပါက နှာစေး ချောင်းဆိုးဖြစ်တတ်သည်။ အိမ်ရှင်ခွင့်မပြုပဲ ယောကျာ်း၏ သီးသန့်နေရာသို့ မသွားရ။ အိမ်ပေါ်တက်လျှင် ဖိနပ်ချွတ်ရသည်။ ကျွေးမွေးဧည်ဝတ်ပြုသော အစားအစာ၊ လက်ဖက်ရည်များကို စားသုံးမှ သဘောကျသည်. မစားပဲနေလျှင် ရိုင်းစိုင်းသည်ဟု ယူဆကြသည်။ ရှမ်းအမျိုးသားများသည် စီးပွားရေးနှင့်သက်ဆိုင်သော ရိုးရာဓလေ့များကို ပြုလုပ်လေ့ရှိသည်။ ယင်းတို့မှာ အထူးသဖြင် လယ်ယာများနှင့် ပတ်သက်သည်။

မိုးဦးကျ လယ်တောဆင်းချိန်တွင် မိုးမမှန်၊ လေမမှတ်ဖြစ်ခဲ့သော် လွန်ဆွဲခြင်း ယုံကြည်ကိုးစားရာ ဘုရား၊ နတ်တို့အား ပူဇော်ပသခြင်း ပြုသည်။ လယ်ယာများတွင် ပိုးမွှားကျရောက်သဖြင့် စိုက်ပျိုးထားသော ကောက်ပဲသီးနှံများ မအောင်မြင်သောအခါ မိမိတို့ မကောင်းမှု ပြုလုပ်ခဲ့သောကြောင့် အပြစ်တို့မှ ခွင့်လွှတ်ရန် တောင်းပန်ခြင်း၊ လယ်ယာများတွင် ဖျက်ဆီးအံ့သော မကောင်းမှု အကုသိုလ်များ ပပျောက်ရန် နတ်ပူဇော်ခြင်းများ ပြုလုပ်လေ့ရှိသည်။

လယ်ထွန်ခြင်း၊ ကောက်စိုက်ခြင်းများကိုလည်း နေ့ကောင်းနေ့မြတ် ရွေးချယ်ပြုလုပ်လေ့ရှိသည်။ တော်သလင်းလ ကျော်လျှင် ကောက်မစိုက်၊ စိုက်လျှင် သီးနှံမထွက်ဟု ယူဆသည်။

စပါးများရိတ်သိမ်းပြီးနောက် စပါးတင်းရေ ပိုမိုထွက်ရန် လယ်ကွင်းထဲတွင် မီးထွန်းပြီး ဆုတောင်း ပသလေ့ရှိသည်။ ကောက်လှိုင်းစည်းများ စုပုံပြီး စပါးမနယ်မီ စပါးနှံများကို ပုခိုင်ခိုင်ခေါ် ဘိုးဥကြီး၊ ဘွားဥကြီးဟု အမည်တပ်ထားသော ကြက်ဥပြုတ် နှစ်လုံးနှင့် မုန့်များ တင်သရသည်။

စပါးများကို အိမ်သို့ သယ်ယူသောအခါတွင် လယ်ကွင်း ယာခင်းမျှ အိမ်အထိ လမ်းတစ်လျှောက်တွင် စပါးပုံကလေးများ အနည်းငယ် ပုံချထားလေ့ရှိသည်။ ထိုသို့ ပုံထားခြင်းမှာ ကျေးငှက်သတ္တဝါ အပေါင်းတို့နှင့် ဝေမျှစားခြင်း ဖြစ်သည်။ ထို့အပြင် လမ်းခရီး၌ အစားအစာ ပြတ်သူများအား စပါးရှိသော နေရာသို့ အလွယ်တကူ ရှာဖွေနိုင်ရန် လမ်းပြအဖြစ် ပုံထားခဲ့ခြင်း ဖြစ်သည်။

Jun 20, 2012

ရှမ်းအမျိုးသားတို့ ဖြစ်ပေါ်လာပုံ (ရှေးရိုးစဉ်လာ)

ရှမ်းအမျိုးသားများက မိမိတို့သည် ကမ္ဘာဦး အစကပင် ရှိနေပြီးသော လူမျိုးများ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ရှမ်းဆိုသော စကားလုံးသည် ပါဠိစကားမှ သက်ဆင်းလာသော ပါဠိပျက်စကား ဖြစ်သည်ဟု အဆိုရှိသည်။

ရှမ်းအမျိုးသားတို့က မိမိတို့ကိုယ်ကို မိမိတို့ တိုင်း ဟု ခေါ်သည်။ တိုင်း အဓိပ္ပာယ်မှာ တောက်ပခြင်း ဖြစ်သည်။ ရှမ်းရှမ်းဆောက်ပသည်။ မီးခိုးမီးလျှံ (ရှမ်း) စသော စကားများတွင် ရှမ်းစကားလုံးမှာ တောက်ပခြင်း ပြည့်ဝခြင်း သဘောအဓိပ္ပာယ်ကို ဆောင်သည်။

ရှမ်းပြည်ကို မိန်းတိုင်း၊ ရှမ်းလူမျိုးကို ကွန်းတိုင်း၊ ရှမ်းစကားကို ကွမ်းတိုင်းဟု ရှမ်းဘာသာဖြင့် ခေါ်သည်။

မြန်မာစာပေ၊ မြန်မာသမိုင်းများတွင်း ရှမ်းမျိုးအစ မိုင်းမောက ဟူ၍လည်းကောင်း၊ ရှမ်းမင်းအစ ဘိန္ဒက ဟူ၍လည်းကောင်း ဆိုရိုးလင်္ကာများ ရှိခဲ့သည်။

မောဟူသော စကားမှာ မင်းဟူ၍ အဓိပ္ပာယ်ရသည်။ ရွှေလီမြစ်ကို ရှမ်းအခေါ်ဖြင့် နမ့်မောင်းဟု ခေါ်သည်။ ရှေးအခါက ရွှေလီမြစ်ဝှမ်းတစ်လျှောက်တွင် ရှမ်းကိုးပြည်ထောင် တည်ထောင်နေထိုင်ရာမှ ရှမ်းဒေသကို ရွှေလီမြစ်အား အစွဲပြု၍ မောကိုးပြည် (မောင်းကိုးပြည်) ဟုခေါ်ကြသည်။

မြန်မာသမိုင်းများတွင် မိုင်းမော ပြည်ကြီးအား အနောက်မဇ္ဈိတိုင်းသား သကျသာကီဝင်မင်းမျိုး ဘိန္ဒကရာဇာ မင်းကြီးက စတင် တည်ထောင်ခဲ့သည်။ ယင်း၏ သားစဉ်မြေးဆက်များ ပြန့်ပွားသွားပြီး ပြည်ပေါင်းကိုးပြည်ထောင်နှင့် အရံမြို့ပေါင်း ၉၉ မြို့သော ကိုးပြည်ထောင်စုကြီးကို တည်ထောင်ကြသည်ဟု ပါရှိသည်။

ရှမ်းရိုးရာစကားအရဆိုသော် သကျသာကီဝင် မင်းမျိုးအနွယ်ဖြစ်သော ခွန်လူးမင်းခေါ် မင်းတပါးက မိုင်းကောပြည်ကြီးကို စတင် တည်ထောင်အုပ်စိုးသည်ဟု ဆိုသည်။

ထိုမင်းပေါက်ဖွားသော မင်းဆက်များသည် အောက်ပါမြို့ကြီး ကိုးမြို့နှင့် အရံမြို့များတွင် မင်းပြုခဲ့ကြသည် ဆို၏။


စဉ် မောကိုးပြည်ထောင် မြို့များ အရံမြို့များ အရေအတွက်
မိုးကောင်းမြို့ ၉၉ မိုင်း (မြို့ငယ်)
မိုးညှင်း ၃၇ ။ (မြို့ငယ်)
သောင်သွပ် ၂၈ ။ (မြို့ငယ်)
ညောင်ရွှေမြို့ ၃၉ ။ (မြို့ငယ်)
သိန္နီမြို့ ၄၉ ။ (မြို့ငယ်)
အုန်းပေါင် (သီပေါ)မြို့ ၂၉ ။ (မြို့ငယ်)
မိုးမိတ်မြို့ ၄၉ ။ (မြို့ငယ်)
မိုးနဲမြို့ ၃၇ ။ (မြို့ငယ်)
မိုးပဲမြို့ ၃၉ ။ (မြို့ငယ်)