Jan 14, 2010

သမိုင်းဝင်ရွှေဆံတော် စွမ်စိန် စေတီတော်မြတ်

http://img211.imageshack.us/img211/696/img0091t.jpg

(သမိုင်းဝင်ရွှေဆံတော် စွမ်စိန် စေတီတော်မြတ်)
ယခုတိုင်တည်ထား ကိုးကွယ်လျှက်ရှိသော သမိုင်းဝင်ရွှေဆံတော် စွမ်စိန် စေတီတော်မြတ်သည် မိုင်းပျဉ်းမြို့နယ် တောင်ဖက် (၉)မိုင်ကျော် ခန့်ကွာဝေးသော မိုင်းပူးအွန်အုပ်စု စွမ်စိန်ကျေးရွာတွင် ၄င်းသမိုင်းဝင် စေတီတော်မြတ်သည် ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် သာသနာတော်နှစ် ၁၃၃ ခုနှစ်တွင် စတင်တည်ထားကိုးကွယ်ခဲ့ကြောင်း သမိုင်းတွင် ဖော်ပြထားပါသည်။


http://img192.imageshack.us/img192/4268/img0100hn.jpg

ယင်းအချိန်ကာလတွင် လယ်သမားတန်ပူးလ လင်မယားနှင့် သမီးတစ်ဦး၊ သားငယ် တစ်ဦး မိသားစု လေးဦးတို့သည် ၀မ်းစာအတွက် လယ်ဖော်ခြင်း၊ တောင်ယာခုတ်ထွင်ခြင်းဖြင့် ပင်ပန်းကြီးစွာလုပ်ကိုင်စားသောက်ကြပါသည်။ (ယခုစေတီတော်၏ အရှေ့ဘက်ဖက် ကုန်းတော်ခြေရင်း လယ်ဖြစ်သည်)။ တနေ့လယ်လုပ်ငန်းခွင်ဆင်းချိန်ဖြစ်ပြီး သူတို့မိသားစုများသည် မနက်မိုးမလင်းခင် ထမင်းဟင်း ထချက်ပြုတ်ကြပြီးချိန် မမျှော်လင့်ပဲ အံ့သြဘွယ်ရာ ရဟန်းတစ်ပါး မိမိတို့အိမ်သို့ကြွရောက်လာပြီး ဆွမ်းခံတော်မူသည်။ တန်ပူးလတို့မိသားစုတို့မိသားစုလည်း ၀မ်းသာကြည်နူးပြီး သဒ္ဒါတရားကြီးစွာဖြင့် ချက်ပြီးသားထမင်းဟင်းအားလုံးကို လောင်းလှူလိုက်ပါသည်။

ရဟန်းတော်လည်း လက်ဖြင့်မိမိ၏ဦးခေါင်းတော်ပေါ်မှ ဆံတော်သုံးဆူ ဆွဲနူတ်ယူပြီး တန်ပူးလကို လှမ်းပေးလိုက်ပါသည်။ ရဟန်းတော်မြတ်သည် "ဒကာ/ဒကာမ တို့ စွမ်စိန်တောင်ကုန်းပေါ်ရှိ တကာတို့၏ နေအိမ်တောင်ဘက်တွင် နေရာကောင်းရွေးချယ်၍ ကျင်းကိုခါးအထိတူးဖော်ပြီး ဒီဆံတော်သုံးဆူကို အဓိဌာန်ပြုကာ ဌာပနာထားလိုက်ပါ ဒကာ/ဒကာမ တို့ကြည်ညိုကိုးကွယ်နေပေတော့" ဟုမိန့်မှာကြားပြီး ပြန်ကြွသွားပါသည်။ ရဟန်းတော်အရှင်မြတ်မှာကြားသွားသည့်အတိုင်း တန်ပူးလ တို့လင်မယားလည်း မိမိတို့၏ အိမ်တောင်ဖက် မလှမ်းမကမ်း နေရာကောင်းရွှေးချယ်ပြီး ခါးအထိနက်သော ကျင်းကိုတူးဖေါ်ကာ ဆံတော်မြတ်သုံးဆူကို အဓိဌာန်ဌာပနာလိုက်ပါသည်။


http://img707.imageshack.us/img707/3205/img0102g.jpg
(ကျောက်တုံးတွင်ကျန်ရစ်ခဲ့သော တန်ပူးလသားငယ်၏ခြေရာတစ်ဖက်)

၎င်းအချိန်တွင်လယ်ထဲ၌ ဆော့ကစားနေသော ၃ နှစ်သားအရွယ်သားငယ်သည် ထမင်းဆာ၍မိဘများကို ပူဆာအော်ဟစ်နေပါသည်။ မိဘများလည်း ချက်ပြုတ်ပြီးသော ထမင်းဟင်းများကို ရဟန်းတော်အား အားလုံး လောင်းလှူလိုက်သဖြင့် ထပ်မံချက်ပြုတ်ရန် ထမင်းအိုးကိုသွားယူစဉ် ထမင်းအိုးဟင်းအိုးများသည် ထမင်းအပြည့် ဟင်းအပြည့် မလျော့သွားပဲ ရှိမြဲဖြစ်နေသည်ကို တန်ပူးလတို့လင်မယား တအံ့တသြ တွေ့ခဲ့ပါသည်။


http://img62.imageshack.us/img62/7658/img0105t.jpg

( စွမ်စိန် စေတီတော်မြတ်နှင့် အရှေ့ဘက်ဖက်ကုန်းခြေရင်းလယ်)

၎င်းနေ့ ညအချိန်တွင် ကောင်းစိမ်ကုန်းတော်ပေါ်တွင် တကုန်းလုံး ရောင်ချည်တော်များ လင်းထိန်ကာ အနီးနားရှိရွာများမှ လူများသည် တအံ့တသြဖြစ်ကာ လက်အုပ်မိုးပြီးရှိခိုးသာဓုခေါ်ကြပါသည်။ မကြာမီ အနီးအနားရှိ ရွာသူရွာသားများသည် ကုန်းတော်ကို ခုတ်ထွင်ရှင်းလင်းခြင်း၊ ဌာပနာထားသော ရွေဆံတော်ကို(၁၀)တောင်အထိ ကျင်းအနက်တူးကာ ထပ်မံပြုပြင်မွမ်းမံကြပါသည်။ ၄င်းနောက် စေတီတော်အဖြစ် တည်ထားကိုးကွယ်တော်မူပြီး စေတီတော်အား တန်ပူးလမှ ဘုရားဘွဲ့တော်အား ရွှေဆံတော်နားကိန်း စေတီမြတ် ဟုခေါ်ဝေါ်သမုတ်ခဲ့ကြောင်း ကာလရွှေ့လျားရာမှ ရွှေဆံတော်စွမ်စိန် စေတီမြတ် ဟုဘွဲ့အမည်တွင်ကျန်ရစ်ခဲ့သည်။

http://img132.imageshack.us/img132/5424/img0094m.jpg
(ကုန်းပေါ်တွင်တည်းထားကိုးကွယ်သော.. ရုပ်ပွားတော်၊ ဆင်းတုတော်များ)

စေတီတော် တည်ဆောက်ချိန်တွင် အဖိုးအိုတစ်ဦးလည်း ပါဝင်ပါသည်။ ထိုအဖိုးအိုသည် ဆံတော်ကိုကြုတ်ထဲထည့်ရန် အစိမ်းရောင် ဖန်ကြုတ်တစ်ခု လာပေးပါသည်။ ဘယ်မှာနေသည် ဘာနာမည်လဲဆိုတာ ၄င်းအချိန်တွင် ဘယ်သူမှမေးမြန်းခြင်းမရှိ ဌာပနာလည်းပြီး စေတီတည်ဆောက်တာလည်း ပြီးစီးချိန်တွင် ၄င်းအဖိုးအိုကို မေးမြန်းသူမရှိပါ။ စေတီတော်ပြီး မြောက်အောင်မြင်သွားသော် အဖိုးအိုအား ရှာမတွေ့တော့ကြောင်းသမိုင်းစာစောင်ထဲတွင် ဖော်ပြထားပါသည်။ ရဟန်းတော်အရှင်မြတ်ဖြစ်သည့် ဆံတော်ရှင်သည် ရိုးရိုးရဟန်းမဟုတ် နောက်ပိုင်းတွင် ပစ္စေကဗုဒ္ဓာ(ဓမ္မရသီ)ဘုရားငယ်တစ်ဆူဖြစ်ကြောင်း၊ အနောက်ဘက်ဒေသမှ ကြွချီလာကြောင်း အဖိုးအိုဖြစ်သည့် ဖန်ကြုတ်လာပေးသူ စေတီတော်မြတ်ကို လာရောက်ကူညီ တည်ဆောက်သူမှာ နတ်မင်းသိကြားဖြစ်ကြောင်း သမိုင်းတွင် ရေးသားဖော်ပြထားပါသည်။
http://img691.imageshack.us/img691/7823/82317679.jpg
(စေတီတော်ကို ပြုပြင်ချိန်၌ တူးဖော်ရရှိသော ရှေးဟောင်းရုပ်ပွားတော်များ)

နောက်ပိုင်းတွင် စေတီတော်မြတ်၏ အာနုဘော်တေဇော တန်ခိုးတော်ကြောင့် လိုရာတောင်းတရသော ဆုတောင်းပြည့် စေတီမြတ်ကြီးသည် လူ/နတ်/ဗြဟ္မာ ဝေနေယျ သတ္တ၀ါအပေါင်းနှင့် လာရောက်ကြည်ညို ဖူးမျှော်ဆုတောင်းတာ အမှန်ဖြစ်ပါသည်။ ထိုအချိန်ကာလတွင် ဆင်အုပ်ကြီး(၅၀၀)ကောင်သည် သုဝဏ္ဏသျှံ တောင်ဖက်မှ လာရောက်ဖူးမျှော်ကြကြောင်း ဆင်ထီးတစ်ကောင်သည် လွယ်ဆော့တောင် (ပီလီယက္ခတောင်)မှ လာရောက်ဖူးမျှော်ပါသည်။ ဆင်အုပ်ကြီး(၅၀၀)ကောင်ထဲမှ ဆင်မပျိုတစ်ကောင်သည် (ပီလီယက္ခတောင်) ဆင်ထီးနှင့် ချစ်ရည်းစားဖြစ်ကြရာ တဏှာရာဂ မျက်စေ့ဖြင့် တစ်ကောင်နှင့်တစ်ကောင် ကြည့်နေကြသောအခါ သိကြားမင်းသည် ဒီမွန်မြတ်သောစေတီမှာ တဏှာရာဂနဲ့ ကြည်စယ်နေတဲ့ ဆင်နှစ်ကောင်အား အထက်မိုးကောင်းကင်မှ ၀ရဇိန်လက်နက်ဖြင့် ပစ်ချရာ ဆင်ပျိုမသည် စေတီအရှေ့ဖက် ဘယ်ကွင်းပြင်မှာ ပွဲချင်းပြီး သေဆုံးသွားပါသည်။ ဆင်ထီးမှာ ခြေထောက်တွင် ဒဏ်ရာရရှိပြီး သွေးရူးသွေးတန်းဖြင့် ထွက်ပြေးစဉ် လွယ်ပယ်မိန်းတောင် (ယခုကျိုင်းတုံရင်ကွဲတောင်) ဘက်တွင်သေဆုံးသွားပါသည်။

http://img696.imageshack.us/img696/6112/img0110lb.jpg
(စေတီတော်ကို ပြုပြင်ချိန်၌ တူးဖော်ရရှိသော ရှေးဟောင်းရုပ်ပွားတော်များ)

ဗျာဒိတ်တော်အဖြစ် ယခုအထိကျန်ရစ်ခဲ့သော သက်သေသာဓကများမှာ----

(က) တန်ပူးလတို့၏ သားငယ်သည် ကျောက်တုံးပေါ်ရပ်ကာ ထမင်းဆာ၍ မိဘများကိုပူဆာပြီး အော်ဟစ် ငိုကြွေးသည့်အချိန် ကျန်ရစ်ခဲ့သော ခြေရာတစ်ဖက် (ယခုထိရှိ) စေတီတော်၏ အရှေ့ဖက်(၇၅)ကိုက်ကျော် နားကိန်လယ်တွင် တည်ရှိသည်။

(ခ) ဆင်ပျိုမသည် သိကြားမင်း၏ ၀ရစိန်လက်နက်ကြောင့် သေဆုံးသွားပြီး အက်ကွဲနေသည့်ကျောက်တုံးသည် စေတီ၏ အရှေ့ဖက်လယ်ကွင်းထဲတွင်ရှိနေသည်။

(ဂ) ဆင်ပျိုမသေဆုံးသွားပြီး နောက်ပိုင်း သူ၏၀ိညာဉ်သည် စေတီတော်မြတ်ကို စောင့်ရှောက်သော နတ်ဖြစ်ကြောင်း စွမ်စိန် ကျေးရွာတွင်းတွင် ၀က်မွေးမြူ၍မဖြစ် မွေးမြူလျှင် ၀က်အဖတ်မတင် လူခိုက် ရွာခိုက်ဖြစ်ကြောင်း သမိုင်းတွင် ဖော်ပြထားပါသည်။ (အခုထိ စွမ်စိန်ရွာတွင် ၀က် မမွေးနိုင်)။

(ဃ) စေတီတော်မြတ် ပြန်လည်ပြုပြင်မွမ်းမံချိန်တွင် တူးဖော်တွေ့ရှိသော (ဂုံစာ)မူဟောင်းဖြင့် ရေးသားထားသည့် သက္ကရာဇ်သည် (၁၃၃)ခုနှစ်ဖြစ်ကြောင်း (ယခုအချိန်ထိနှစ်ပေါင်း ၂၄၂၁ နှစ် ရှိသွားပြီ ဖြစ်ပါသည်။)

(င) စေတီတော်ကုန်းမြေပေါ်တွင် သက်တမ်းရင့်သော ကန့်ကော်ပင် (၁၃)ပင်ရှိနေသည်။

(စ) စေတီ၏အနောက်ဘက်တွင် စေတီကိုစောင့်ရှောက်သော နတ်(ဆင်မ၀ိညာဉ်)နတ်စင်ရှိ၊ ယင်းဆင်မသည် အရိမေတ္တေယျဘုရားပွင့်မှ ကျွတ်မည်ဟုဆိုကြောင်း။

(ဆ) ၁၉၉၅ ခုနှစ်၊ ဇူလိုင်လ(၁၂)ရက်နေ့ မနက်(၄)နာရီ (၁၅)မိနစ်အချိန် မြေငလျင်လှုပ်၍ ထီးတော် စောင်းသွားကြောင်း၊ သဒ္ဒမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ မိုင်းဖုန်းဆရာတော် အရှင်မြတ်ဘဒ္ဒန္တ ဥာဏသံဝရနှင့် ပုံလို့ဆရာတော်အရှင်မြတ် ပညာစာရ အရှင်မြတ်နှစ်ပါးတို့မှ ကြီးမှူးဦးဆောင်၍ပြန်လည်မွမ်းမံခဲ့သည်။

(စေတီတော်မြတ် ပြန်လည်ပြုပြင် မွမ်းမံချိန်တွင် တူးဖော်တွေ့ရှိမိသော (ဂုံစာ) မူဟောင်းကို ဖော်ပြနိုင်ခြင်း မရှိသည်ကို ခွင့်လွတ်၊ နားလည်ပေးစေလိုပါသည်..။ လိုအပ်သော အချက်အလက်၊ အထောက်အထား များကိုပို့ပေးသော ပီစိုင်းဟိန်းကို အထူးကျေးဇူးတင်ပါကြောင်း။)

မှတ်ချက် ။ ။