Jan 7, 2010

ကိုးကွယ်ယုံကြည်မှု

http://img215.imageshack.us/img215/8103/image001zd.jpg

ရှမ်းလူမျိုးတို့ကို ကိုးကွယ်ယုံကြည်မှု နှင့်ပက်သက်၍ အချို့က ရှမ်းပြည်နယ်တွင် နတ်ကိုးကွယ်မှုနှင့် စုန်း၊ တစ္ဆေ၊ ကဝေ စသော မိစ္ဆာ အယူဝါဒ ထွန်းကားသည်ဟု လွဲမှားစွာ ကောက်ယူခဲ့ကြသည်။ အမှန်မှာ ဗုဒ္စဘာသာကိုသာ ကိုးကွယ်ခဲ့ကြသည်.။ ရှမ်းတို့အိမ်တွင် ဘုရားစင်သာရှိသည်။ နတ်စင်မရှိ။ ဗုဒ္စဘာသာဝင် ရှမ်းအမျိုးသား မှန်သမျှဗုဒ္ဓဘာသာကိုသာ ကိုးကွယ်ကြသည်။ တနှစ်တကြိမ်ကျ ရွာစောင့်နတ်၊ လယ်စောင့်နတ်၊ သမ္မဒေ၀ါ နတ်များအား ပူဇော်မှုလောက်သာ ရှိကြသည်။ သို့တော် ထုံးစံမျှသာဖြစ်ပြီး.ကြီးကျယ် ခမ်းနားစွာ. နတ်ပွဲကြီးများ ကျင်းပခြင်းများ မရှိပေ။ ဘုရင့်နောင်လက်ထက်တွင် စော်ဘွားတို့သေလျှင် ချစ်သောကျွန်၊ စီးသော ဆင်၊ မြင်း တို့ကိုသတ်ပြီး ဂူသွင်းသော အကျင့်ကို တားမြစ်လိုက်သည်။ ဘုရင့်နောင်သည် ရှမ်းလိုမျိုးတို့ကို Text Color ဗုဒ္စဘာသာကို စတင်ဖြစ်ထွန်းစေသော သူမဟုတ် ရှမ်းပြည်ကို ထေရ၀ါဒ ဗုဒ္စဘာသာ စည်ပင်ပြန့်ပွားအောင် လုပ်ခဲ့သောသူ၊ စော်ဘွားတို့သေလျှင် ချစ်သော ကျွန်၊ စီးသော ဆင် ၊ မြင်း. စသည်တို့ကိုသတ်ပြီး အတူမြုပ်သော အကျင့်၊ အယူစဆိုးများကို ပျောက်အောင် လုပ်ဆောင်ပေးသော သူတယောက်ဆိုလျှင် ပိုမှန်ပါလိမ့်မည်..။

ရှမ်းလူမျိုးနဲ့ ဗုဒ္စသာသနာ
ရှမ်းလူမျိုးများက မိမိတို့သည် ဂေါတမဘုရား လက်ထက်ကပင် ဘုရားကို ကိုးကွယ် ယုံကြည်ခဲ့ကြသည်ဟု ဆိုသည်။ ဘုရားရှင်လက်ထက်က ကောသမ္ဗီဘုရင် ဥတေနသည် ရှမ်းဘုရင်တပါးဖြစ်သည်ဟု မောရှမ်းရာဇ၀င်နှင့် သိန္နီရာဇ၀င်တို့က ဆိုသည်။ “မိုင်းမောဝ်” ဟုခေါ်သော မောရှမ်းပြည်သည်.. ရွှေလီမြစ်ဝှမ်း ဒေသဖြစ်သည် ။ ထိုဒေသတွင် သာသနာနဲ့ ပက်သက်သော သမိုင်းဝင်အထောက်ထားများအနေဖြင့်

(၁) ကောသမ္ဗီသူဌေးကြီး ယောသက လှူဒါန်းထားသော ယောသိကာရုံေ ကျာင်းဟောင်းနေရာ (ရှမ်းစကားအရ “လွယ်ကျောင်းဆိုင်” ဟုခေါ်ပြီး တရုတ်မြန်မာ နယ်စပ် ရွှေလီမြစ်၏ တရုတ်ဘက်ကမ်းတွင် တည်ရှိသည်။ ၁၂၊၅ ၊၂၀၀၁ တွင်ကျမ်းပြုသူ ထိုနေရာသို့ရောက်ခဲ့ပြီး စေတီဟောင်းတဆူတွင် ရှေးဟောင်း ရွှေငွေ ကြေး မြေ ဆင်းတုတော် များစွာ တူဖော်ရရှိ၏)

(၂) ဥတေနမင်း၏ သချိ င်္င်းအုတ်ဂူ။

(၃) ယေသက သူဌေးကုန်း။

(၄) ပန်ဖေဟို(ခေါ်) ခေါင်းဖြတ်တောင် (မာဂဏမိဘုရားတို့ ခေါင်းဖြတ်ခံရသောနေရာ)

(၅) လွယ်ကျောင်းဆိုင် တောင်ခြေရှီ ဥတေန မင်း၏ ဆင်ချည်ကျောက်တိုင်။

(၆)ပလလဲတော ..... စသည်တို့သည် ယခုတိုင် တရုတ်မြန်မာနယ်စပ် ရွှေလီမြစ်ဒေသ (တရုတ်ပြည်) တွင် တည်ရှိနေသည်ကိုတွေ့ရသည်.။

ဤသီန္နီရာဇ၀င် အဆိုတို့ကို ထောက်ရှု၍ ရှမ်းလူမျိုးက မိမိတို့သည် ဘုရားရှင်လက်ထက်ကပင် သာသနာတော်ကို ယုံကြည် ကိုးကွယ်လာခဲ့ကြသူမျာ ဖြစ်သည်ဟု ယူဆကြခြင်းပင် ဖြစ်သည်...။

ဘီစီ (၆) ရာစုတွင် အိန္ဒိယနိုင်ငံ၌ ဘုရားရှင် ပေါ်ပေါက်လာခဲ့သော ကာလတွင် ရှမ်းလူမျိုးတို့သည် စူနိုင်ငံတော်ကို စိုးမိုးအုပ်ချုပ်နေသော ကာလဖြစ်သည်။ စူနိုင်ငံတော်သည် ဘုရင်ခံနိုင်ငံ (၁၂ )နိုင်ငံ ပါဝင် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံတော်ဖြစ်သည်။ ထိုဘုရင်နိုင်ငံတို့တွင် သျှင် Tsen (ခေါ်) Tien နိုင်ငံသည် ယခု ယူနန်နယ် ဖြစ်သည်။ သျှင်နိုင်ငံ၏ အနာက်တောင်ဘက်၌ သမိုင်းတွင် ထင်ရှားသော တကောင်းမြို့ရှိသည်။ တကောင်းသည် သကျသာကီဝင်တို့နှင့် အဆက်အနွယ်ရှိသဖြင့် ယင်းနှင့်ပတ်သက်သော အကြောင်းအရာ များကို ချန်ထား၍ရမည်မဟုတ်ပေ။

တကောင်းနှင့်ရှမ်းလူမျိုးဆက်နွယ်ပုံ

မဟာရာဇ၀င်၌ တကောင်းသည် ဂေါတမ မြတ်စွာဘုရား လက်ထက်ကပင် တကောင်း ဟု ခေါ်တွင်ကြောင်း ဖော်ပြထားသည်။ တကောင်းကို စတင်တည်ထောင့်သည့်အချိန်က မြန်မာနိုင်ငံအထက်ပိုင်းတွင် အရှေ့ဘက်၌ ပျုလူမျိုး၊ သက်လူမျိုး၊ ဧရာဝတီ ၊ စစ်တောင်း၊ သံလွင်မြစ်ဝှမ်းတို့တွင် မွန်လူမျိုးများရှိနှင့်ကြပြီ ဟု သမိုင်းဆရာတို့ ယူဆထားကြသည်။ ထိုအခါက ပြည်မြို့သည် ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်သည်ဟု မှတ်ယူကြသည်။ တကောင်းဟူသော အမည်သည် ရှမ်းဘာသာဖြင့် စည့်ကူးတို့ဟုအဓိပ္ပာယ်ရသည်..။

တကောင်းသည် မြန်မာမြို့ဟောင်းဟု မြန်မာ လူမျိုးများက ယူဆခဲ့သော်လည်း နှောင်းစာရေးဆရာ အဆိုအရ တကောင်းမြို့သည် အိန္နိယမြောက်ပိုင်းမှ ကျုးကျော်လာသူများက တည်ထောင်ခဲ့သည်ဟု ဆိုသည်။ စိတ်ဝင်စားဖွယ် အချက်မှာ ရှမ်းသမိုင်းစာပေအရ တကောင်းမြို့သည် ရှမ်းလူမျိုး၏ မြို့တောင်ဟောင်းဖြစ်၍ ၎င်းအုပ်ချုပ်သော မင်းများသည် အိန္နိယနှင့် အဆက်သွယ်ရှိခဲ့ကြသည်ဟု ဆိုသည်။ တကောင်းမြို့၏ အမည်သည် ရှမ်းစကားအရ “တာကောင်” ဟုခေါ်ပြီး. “စည့်ကူးတို့မြို့” Drum Ferry ဟုအဓိပ္ပာယ်ရသည်။ ထိုအမည်မျိုးကို “မိုးကောင်း” ရှမ်းအခေါ် “မိန်းကောင်” (အိုးစည်မြို့)နှင့် အခြားရှမ်းနာမည်များကို နှိုင်းယှဉ်ကြည့်နိုင်သည်။ ခိုင်လုံသော သက်သေ အထောက်အထားပြရန် တခြားနည်းလမ်းများလည်း ရှိပါသည်။ နန်ချိုနိုင်ငံတော်၏ ကျယ်ပြန့်မှုနှင့် ယင်း၏နိုင်ငံရေး အဆောက်အဦး စစ်တပ်အင်အားတို့ကိုကြည့်ရှုခြင်းအားဖြင့် တကောင်းမြို့သည် ရှမ်းလူမျိုးများ နေထိုင်ရာဒေသ မဟုတ်ဟုငြင်းဆိုနိုင်စရာအကြောင်း မရှိပေ ။

အစောပိုင်းကာလ၌ မြန်မာပြည်ကို ရှမ်းများကြီးစိုးချိန်နှင့် ပက်သက်၍ မစ္စတော်ခိုစိန် အဆိုအရ အနော်ရထာမင်း အုပ်စိုးသည့်အချိန် အေဒီ ၁၁ ရာစု အထိ ဧရာဝတီ အရှေ့ဘက်ကမ်းဒေသ နှင့် ၎င်းမြစ်ကမ်းပါးတို့သည် ရှမ်းတို့၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်.။ အထက်ပါဖော်ပြချက်တို့ကို ထောက်ရှု၍ တကောင်းသည် ဗမာလူမျိုး(သို့) အိန္ဒိလူမျိုး (သို့) အိန္ဒိယလူမျိုးများ. တည်ထောင်သည်ထက် ရှမ်းများတ ည်ထောင်သည်ဟု ဆိုလျှင် ပိုပြီးဖြစ်နိုင်သည်။ ယခုအချိန်ထိ “တာကောင် =စည့်ကူးမြို့” ဟု ရှမ်းစကားဖြင့် ခေါ်ဝေါ် နေခြင်းဖြစ်သည်။ တကောင်း မြို့သည်ရှမ်းတို့ တည်ထောင်ခဲ့သော မြို့ဟုတ်မဟုတ် ထည့်တွက်စရာ မလိုတော့ပေ အဘယ်ကြောင့်ဆိုသော် ရှမ်းမျာအချင်းချင်း စစ်ခင်းသော နေရာဒေသ ဖြစ်သောကြောင့်တည်း။

ဘုရားရှင်လက်ထက်တွင် တကောင်းမြို့တို့ နောက်ဆုံးရောက် လာသောသာကီဝင်တို့သည်. ဘုရားရှင်၏ ဆွေတော် မျိုးတော်များ ဖြစ်ကြသည့်အပြင် ဘုရားရှင်ကို ကြည်ညိုဆည်းကပ်ကြသော ဗုဒ္စဘာသာ ၀င်များ ဖြစ်ကြသည်။ ထိုသာကီဝင်တို့မှ ဗုဒ္ဓဘာသာကိုးကွယ်မှုသည်. တကောင်းရှိ ရှမ်းလူမျိုးတို့ထံ ရောက်ရှိလာသည်ဟု ဆိုရပေမည်...။


လောဝ်သမိုင်းမှ သာဓက

လောဝ်သမိုင်း တစ်စောင်၌ ရှမ်းလူမျိုးတို့သည် သာသနာတော် ၆၁၂ (အေဒီ၆၉)ခုနှစ် အိုက်လောဝ် မင်းဆက်ဖြစ်သော နောင်ချယ် (ခေါ်) နန်ချောင်ဘုရင် ခွန်လိမောဝ် လက်ထက်တွက် ဗုဒ္စဘာသနာတော်ကို စတင် သက်ဝင်ယုံကြည်သည်ဟု ဆိုသည်..။ မဟာယန ဗုဒ္ဓဘာသာဖြစ်ပြီးတရုတ်ဟန်မင်းဆက် ဘုရင် ခေမင်တီထံမှ ရရှိလာသည် ဟုဆိုသည်။

စာပေများဖြင့် သုံးသပ်ဆုံးဖြတ်ခြင်း

နန်ချောင်နိုင်ငံတော်ကို ၀ိဒေဟရာဇ်တိုင်း၊ မောပြည်ကို မောရိယတိုင်း၊ သိန္နီကို သီဝိတိုင်း၊ ကျိုင်းတုံကို ခေမရဌ တိုင်း ၊ လန့်နားကို ယောနတိုင်း စသည်တို့ကို ပါဠိဖြစ် ခေါ်ဝေါ်သုံးစွဲသည်မှာ အဒီ ၁၅-၁၆ ရာစုနောက် ပိုင်းမှ ခေါ်ဝေါ်ခြင်းဖြစ်သည်။ ဤအချိန်တွင် ထေရ၀ါဒဗုဒ္စဘာသာသည်လည်းမြောက်ပိုင်းနိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်ဖြစ်မည်။

ရှမ်းလူမျိုးတို့သည် အေဒီ ၁၄ ရာစုမှစ၍ ထေရ၀ါဒဗုဒ္ဓ ဘာသာကို စတင်ကိုးကွယ်ခဲ့ရာ မင်းနှင့်ပြည်သူ တရပ်လုံးက ဗုဒ္စဘာသာ ၀င်များအဖြစ်တို့ ရောက်ရှိခဲ့ကြပြီး သာသနာတော်ကို လွန်စွာ ကြည့်ညိုလေးစား မြတ်နိုး တွယ်တာလာခဲ့ကြသည်။ သဒ္ဒါတရားများသည်လည်း သူမတူအောင်ထူးကဲလွန်မြတ်သဖြင့် “တမူးရှိလို့ တပဲလှူ ဒို့ရှမ်းတောင်သူ တူနိုင်ရိုးလား” ဟုဆိုရိုးစကားပင် အထင်ရှားရှိခဲ့သည်။ မြန်မာပြည်တန်ခိုးကြီး ဘုရားဖြစ်သော မန္တလေး မဟာမြတ်မုနိ ဘုရားကြီး သမိုင်းတစိတ်တဒေသကို ကြည့်ရှု့ခြင်းအားဖြစ် ရှမ်းစော်ဘွားများ၏ သဒ္ဒါတရား များကို မြင်တွေ့နိုင်ပေသည်။

သက္ကရာဇ် ၁၂၆၀ ပြည့်နှစ်တွင် မန္တလေး မဟာမြတ်မုနိဘုရားကြီး၏ ပြသာဒ်တော်ကြီး အထက်နားတွင် ထားရှိတော့ မူလထီးတော်ကြီးသည် ၁၂၇၈ ခုနှစ်တွင် လေခ၍ မြေသို့ကျရာ ရပ်စောက်စော်ဘွားကြီးက အသစ်တဖန် ပြန်လည် လှူဒါန်းပြန်သည်။ ငှက်မြက်နားတောင်နှင့် စိန်ဖူးတော်တို့ကိုကား ညောင်ရွှေ စော်ဘွားကြီးက ၁၂၈၀ ပြည့်နှစ်တွင် လှူဒါန်းတော်မူသည်။

ရှမ်းတောင်ပိုင်းရှိ မိုးနဲမြို့တွင် သမိုင်းဝင်ရှေးဟောင်း စေတီတော်များ၊ ရှေးဟောင်းကျောင်းတော် များစွာရှိသဖြင့် “ဒုတိယပုဂံ” ဟူ၍လည်းကောင်း “ရှမ်းပုဂံ” ဟူ၍လည်းကောင်း တင်စား ခေါ်ဝေါ်ကြလေသည်။

ယခုလက်ရှိ အခြေအနေအရ ကမ္ဘာပေါ်တွင် ထေရ၀ါဗုဒ္ဓဘာသာကို ကိုးကွယ်သော လူမျိုးတို့တွင် ရှမ်းလူမျိုးတို့သည် လူဦးရေ အများဆုံးဖြစ်သည်ဟု ဆိုရပေမည်..။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာပေါ်၌ ဗုဒ္ဓဘာသာ ကိုးကွယ်သူ လူဦးရေသည် သန်း၅၀၀ ကျော်ရှိလေသည်. ထိုအထဲတွင် ထေရ၀ါဒဗုဒ္ဓဘာသာ ကိုးကွယ်သောနိုင်ငံများမှာ ထိုင်းနိုင်ငံ၊ လောနိုင်ငံ၊ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ တို့သာဖြစ်ကြသည်။

အဆိုပါနိုင်ငံတို့တွင် လူဦးရေ အများဆုံးနိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်၍ ခရစ်နှစ် ၁၉၉၉ ခုနှစ်တွင် လူဦးရေ (၆၂)သန်းကျော် ရှိသည်ဟု သိရပါသည်။ လောနိုင်ငံသည်လည်း လူဦးရေ (၄) သန်းကျော် ရှိလေသည်။ ထိုင်နိုင်ငံ နှစ်နိုင်ငံသည် ရှမ်းလူမျိုးများ၏ လွတ်လပ်သော နိုင်ငံဖြစ်ကြလေသည်။ ထို့အပြင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အတွင်းရှိ ရှမ်းတိုင်းရင်းသား (၃)သန်းကျော်တို့သည် လည်းကောင်း။ တရုတ်ပြည်အတွင်းရှိ ရှမ်းလူမျိုး သန်းပေါင်းများစွာသည်လည်းကောင်း ထေရ၀ါဒဗုဒ္ဓဘာသာကို ကိုးကွယ်သောသူများပင် ဖြစ်ကြသည်။ ရှမ်းလူမျိုးများသည် ဘာသာရေးကံကြမ္မာ ကောင်းလှသဖြင့် ဘုရားရှင်၏ စစ်မှန်သော တရားတော်ကို လိုက်နာကျင့်သုံးရသော ထေရ၀ါဒဗုဒ္ဓဘာသာဝင်များဖြစ်လာခဲ့ ခြင်းဖြစ်သည်ဟု ဆိုရမယ် ဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် ပြည်နယ်ခုနှစ်ခု ရှမ်းပြည်နယ်သည် ဗုဒ္စဘာသာ အထွန်းကားဆုံး ပြည်နယ်ဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ်တို့ အုပ်စိုးစဉ်ကာလက ရှမ်းလူမျိုးများအား ခရစ်ယာန်ဘာသာဝင် ဖြစ်အောင် နည်းအမျိုးမျိုးဖြင့် စည်းရုံးသိမ်းသွင်းသော်လည်း ရှမ်းလူမျိုးတို့သည် ထေရ၀ါဒဗုဒ္ဓဘာသာ၏ တရားတော်ကိုသာ အားထားရာ အစစ်အမှန်အဖြစ် ခံယူကြသည်။ မဆိုစလောက်သော ရှမ်းလူမျိုး အနည်းငယ်သာလျှင် ခရစ်ယာန်ဘာသာသို့ကူးပြောင်းသွားကြသည်။

ဘာသာရေးနှင့်ပတ်သက်၍ ရှမ်းလူမျိုးများသည် မိမိတို့၏ ရှမ်းဘာသာများကိုသာမက ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက် ထင်ရှားကျော်ကြားသော မြန်မာကျမ်းပြု ရှမ်းဆရာတော်ကြီးများလည်း ရှိခဲ့သည်။။

၎င်းတို့အနက် အချို့မှာ -
(၁) သက္ကရာဇ် ၅၃၆ ခုနှစ်တွင် မင်းပြုသော နရပတိစည်သူ မင်းလက်ထက် သီဟိုဠ်ကျွန်းမှ “ဆပဒမထေရ်” ပုဂံ ပြည်သို့ ကြွလာရာတွင် လိုက်ပါလာသော အာဂန္တုရဟန်းလေးပါး အနက် တစ်ပါးမှာ ကမ္ဘောဇတိုင်း၏ ဘုရင့်သားတော် (ရှမ်းလူမျိုး) ဖြစ်ကြောင်း။

(၂)သက္ကရာဇ် ၈၄၂ ခုနှစ်တွင် မင်းပြုသော ဒုတိယ မင်းခေါင်လက်ထက်၌ ကျော်ဇောထင်ရှားသော “ရှင်မဟာရဌသာရ” သည် (တိုင်း) ရှမ်းအနွယ်ဖြစ်ကြောင်း။

(၃) ကျမ်းပြုအကျော် ကျီးသဲလေးထပ်ဆရာတော် ဘုရားကြီးသည်လည်း ရှမ်းလူမျိုးဖြစ်ကြောင်းကို ဆရာတော် ဘုရားကြီး၏ ထေရုပ္ပတ္တိတွင်-“၎င်းဆရာတော်ဘုရားကြီးကို ရွှေတောင်မြို့၊ ကျီးသဲရွာ၊ သျှမ်းတန်းကလေးရပ်၌ သက္ကရာဇ် ၁၁၇၉ ခုနှစ် သီတင်းကျွတ်လပြည့်ကျော်ရှစ်ရက် ၊ကြာသာပတေးနေ့တွင် ဖွားမြင်တော်မှုသည်။ ခမည်းတော် မယ်တော် တို့၏အမည်တို့ကိုမသိရပေ ရှမ်းလူမျိုးတည်း” ဟုဖော်ပြထားသည်။

(၄) မယဒေ၀လင်္ကာသစ် ကျမ်းပြုအကျော် မန်လည်ဆရာတော်သည်လည်း ရှမ်းလူမျိုး ဖြစ်လေသည်။ သက္ကရာဇ် ၁၂၇၄ ခုနှစ်တွင် သီပေါစော်ဘွားကြီး၏ ရဟန်းခံပွဲသို့ ဆရာတော်ဘုရားကြီး ကိုယ်တိုင် ကြွရောက် ချီးမြောက်တော်မခဲ့သည်။ ထိုအချိန်က မန်လည်ဆရာတော် ဘုရားကြီးသည် သီပေါစော်ဘွား ကြီးအား မိမိသည်ရှမ်းဘာသာဖြစ် ပိဋ္ဋကတ်တော်များကို ပြန်ဆိုရန် ဆန္ဒရှိကြောင်း မိန့်ကြားခဲ့သည်ဟုဆိုသည်။

(၅) မြန်မာပြည်တွင် လူသိများပြီး ထင်ရှားကျော်ကြားသော ရဟန်း စာဆိုတော် တစ်ပါးဖြစ်သည့် ထီးချိုင့်တည်သောဆရာတော် ဘုရားကြီး ဘဒ္ဒန္တဒေ၀ိန္ဒသည်လည်း ရှမ်းမျိုးနွယ်ဖြစ်သည်..။

ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများ စာအုပ်ထဲမှ ကောက်နှုတ်ချက်.၊ အရှင်သုခမိန္ဒ (တန့်ယန်း)

မှတ်ချက် ။ ။