

၂၂။ တရုတ်မင် အမျက်ထွက်ခြင်း ....်စဝ်ဆေငင်းဖ သည် မြောက်ဘက်ပိုင်းရှိ (တရုတ်တို့ဘက်ခြမ်း) နယ်မြေအမြောက်အများကို သိမ်းပိုက်နိုင်ခဲ့သည်။ ထိုအခါ တရုတ် ဘုရင်သည် မိမိတို့ နယ်မြေကို ထိပါးလာမည်ကို စိုးရွံ့ထိပ့်လန့်၍ အမျက်ထွက်လေသည်။ တရုတ်ဘုရင် သည် နယ်မြေအားလုံးကို ပြန်လည်သိမ်းယူရန် စေခိုင်းခဲ့လေသည်။ ထိုကြောင့် မိုင်းမောဝ် ပြည်သည် တရုတ်တို့ ၏ သုံးကြိမ်တိုင်တိုင် တိုက်ခိုက် ခြင်းကို ခံရလေသည်။ ထိုတိုက်ခိုက်မှုတွင် တရုတ်စစ်သည် အင်အား ၃၅၀၀၀ နှင့် ရှမ်း စော်ဘွား စစ်သည် ၂၀၀၀၀ ကို အသုံးပြုခဲ့ကြလေသည်။ ပထမနှင့် ဒုတိယ အကြိမ်များတွင် တရုတ်တို့ စစ်ရှုံးပြီး တတိယ အကြိမ်တွင် မိုင်းမောဝ်ပြည်ကြီး မိုင်းကော့်ကျန်ပီ စစ်ရှုံးလေသည်။


၂၃။ မိုင်းတီး ဘုရင် .... မိုင်းတီး ဟော်နန်းသည် ယနေထက်တိုင် တည်ရှိဆဲ ဖြစ်ပေသည်။ (မန်စီခေတ်မှ ဆန်းစီ ခေတ်) ဘုရင်၏ အမည်မှာ တောဝ်ကုန်မိုင်း ဟု အမည်တွင်သည်။ ၄င်းအား တရုတ်တော်ဝင်ဂုဏ်ထူးဆောင်ဘွဲ့ ပါဖူးကျန်း ပေးအပ်ဂုဏ်ပြုခဲ့သည်။ နောက်ပိုင်းတွင် ရှင်းဖူးကျန်း အဖြစ် တိုးမြင့်ခံ့အပ် ခံခဲ့ရသည်။ အေဒီ ၁၄၄၄ တွင် ၄င်းသည် စစ်သူကြီး (ရှင်းဖူးဆာ) ရာထူးပေးအပ်ခြင်း ခံခဲ့ရသည်။ ယင်းဘုရင်လက်ထက်တွင် သေးငယ်သော အမှုများအတွက် ပေးလျှော်ခြင်းနည်းလမ်းဖြင့်လည်းကောင်း ၊ကြီးမားသော အမှုများအတွက် သေဒဏ်စသော ရိုးရှင်းသည့် ဥပဒေကိုသာ ကျင့်သုံးခဲ့သည်။


၂၄။ ရိုးရာယဉ်ကျေးမှုဓလေ့ .... လူကြီးလူငယ်မရွေး အိုးစည်တို အိုးစည်ရှည် အိုးစည်ဗုံမောင်းစုံစုကာ ဖြင့် ကခုံခြင်းကို နှစ်သက်ကြလေသည်။ အိုးစည်ကိုပတ်၍ ကခုံသည့်အကကို လမ်းပန်ကောင် ဟုခေါ်သည်။ ၄င်းအကသည် အိုးစည် အဖွင့် အပိတ် ဖြင့် ကရသော အက ဖြစ်လေသည်။ ဒေါင်းအကသည် ရှမ်းတို့၏ ပြိုင်ဘက်ကင်းသောအက ဖြစ်လေသည်။ ၄င်းအကမှာ ဒေါင်းအမှီးဖြင့်ကသည့် ဟန်ဖြင့်ကရလေသည်။ မြင်းဟန်ဆယ့်နှစ်သွယ် အကမှာ ရှမ်းတို့၏ ရှေးဟောင်းရိုးရာ ယဉ်ကျေးမှုအကဖြစ်ပေသည်။ ၄င်းအကမှာ ဝါးဖြင့်ပြုလုပ်ထားသော မြင်းဖြင့် ကရသော အက ဖြစ်ပြီး ၊ တရုတ်ဘုရင်၏ လိုယန်နန်းတော်တွင် တင်ဆက်ကပြခဲ့ဖူးလေသည်။ ဗုဒ္ဓဘာသာတို့၏ နောက်ဆုံးဝါပတ် တွင် ရှမ်းလူမျိုးများသည် မီးရှူးတံဆောင် များနှင့် မီးပုံးပျံများကို လွှတ်တင်ကြလေသည်။