Nov 21, 2009

ရှမ်းနိုင်ငံတော်(ရှမ်း နှင့် တရုတ် တို့၏ မှတ်တမ်းများမှ) အပိုင်း ၂

page6w.jpg
၆။ မိုင်းမောဝ်လုံကိုးစံပီ .... အေဒီ ၅၆၇ - ၁၄၄၈ (ရှမ်းနှစ် ၆၆၁ -၁၅၄၂) ခွန်လူး ၊ ခွန်လှိုင်းညီနောင်နှစ်ပါးမှ မောဝ်ရှမ်း အင်ပါယာကို (မိုင်းမောဝ်) စတင်တည်ထောင်ခဲ့သည်။ (မှတ်ချက် ... ယင်းညီနောင် တို့မတိုင်ခင်က ၄င်းတို့၏ ဖခင်နှင့် ၄င်းတို့၏ ဘိုးတော်က စတင်တည်ထောင်ခဲခြင်းဖြစ်သည်။ ယခုမှာ စာအုပ်ပါအရေးအသားကို ပြင်ဆင်ခြင်းမပြုလိုသဖြင့် မူရင်းအတိုင်း ပြန်ဆိုထားခြင်းဖြစ်ပေသည်။) ယင်းမောရှမ်းအင်ပါယာ၏ မြို့တော်မှာ ရွှေလီမြစ်ချိုင့်ဝှမ်း တစ်နေရာတွင် တည်ရှိခဲ့သည်။ ထိုခေတ်ကရှမ်းတို့သည် နမ့်ကွီ (ဧရာဝတီမြစ်)၊ နမ့်ခုံး (သံလွင်မြစ်) မှအစပြု၍ ကျိုင်းတုံ၊ ကျိုင်းဆန်၊ ကျိုင်းမိုင် (ကျိန်းမိုင်) အထိ တိုင်အောင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့လေသည်ဘုရင် စဝ်ဦးတင် လက်ထက်တွင် နမ့်မေဟောင်ဟို ၊ နမ့်ပရမ္မာပုတ္တရ ထိ လွမ်းမိုးနိုင်ခဲ့သည်။ ထိုခေတ်သည် ရှမ်းလူမျိုးတို့၏ တန်ခိုးအာဏာ ထွန်းလင်းတောက်ပ ခဲ့သော ခေတ်ဖြစ်ခဲ့။

page7u.jpg
၇။ ခွန်လူ၊ ခွန်လှိုင် နယ်မြေချဲ့ထွင်ခြင်း .... ၄င်းညီနောင်နှစ်ပါး လက်ထက်တွင် စီးပွားရေးနှင့် လူညီးရေ တိုးတက်စည်ပင်ခဲ့သည်။ စစ်မက်များအား စေလွတ်၍ နယ်မြေများကို ချဲ့ထွင်ခဲ့သည် ။ နယ်မြေတစ်နေရာအားရလျှင် ၄င်းတို့၏ သားတော်တစ်ပါးအား စေလွတ်၍ အုပ်ချုပ်မင်းလုပ်စေခဲ့ကြသည်။ မောဝ်အင်ပါယာတွင် နေထိုင်ကြသော တိုင်းသူပြည်သားများအား တစ်နှစ်လျှင်တစ်ကြိမ် အခွန်ဘဏ္ဏာများ ဆက်သစေခဲ့သည်။

page8c.jpg
၈။ ခွန်လူ၊ ခွန်လှိုင် ပိုင်ဆိုင်သောနယ်မြေများ ... ခွန်လူ၏သားတော် အကြီး ခွန်လုံ သည် တကောင်းပြည်ကိုအုပ်စိုးသည်။ ခွန်ဖက မိုင်းယန်း နှင့် မိုင်းမိုကို အပိုင်ရပြီး နှစ်စဉ်မြင်းဆက်သရသည်။ ခွန်ကူးက လမ်းပန်း နှင့် ကျိုင်းရှဲန်ကို အပိုင်ရပြီး ဆင်ဆက်သရသည်။ ခွန်ကိုဝန်ဖ က မိုင်းယော ကို အပိုင်ရပြီး နှစ်စဉ် ရွှေ ဆက်သရသည်။ ခွန်လှက ကြာလိင်နယ်ကို အပိုင်ရပြီး ရေကြက် ဆက်သရသည်။ ခွန်ကျာ့ က အာဝနယ်ကို အပိုင်ရပြီး နှစ်စဉ် ကျောက်မျက်ရတနာ ဆက်သရသည်။ ခွန်ဆူက မိုင်းယု ကို အပိုင်ရသည်။

မှတ်ချက် ။ ။