Jul 27, 2009

ရှမ်း လူမျိုးများ...။

တိုင်းမောဝ်(Tai Mao)
ရွှေလီမြစ်ကို ရှမ်းလူမျိုးများက နမ့်မောဝ် (Nam Mao) ဟုခေါ်သည်။ ထိုမြစ်ဝှမ်း တစ်လျှောက်တွင် နေထိုင်သော ရှမ်းများကို တိုင်းမောဝ် (မောရှမ်း) ဟုခေါ်သည်။ တိုင်းမောဝ်တို့သည် တာပိန်မြစ်ဝှမ်းတွင်လည်း နေထိုင်ကြသည်။ အေဒီ ၁၂၃၅ ခုနှစ် နန်ချောင်းနိုင်ငံတော်ကြီး ပျက်စီးခဲ့ရပြီးနောက် တိုင်း (ရှမ်း) လူမျိုးတို့သည် အာရှအရှေတောင်ဘက်သို့ အစုလိုက်ဝင်ရောက်နေထိုင်လာကြသည်။ မဲခေါင်မြစ်၊ မဲနမ်မြစ်၊ သံလွင်မြစ်၊ ရွှေလီမြစ်၊ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ဗြဟ္မပုတြမြစ် အတိုင်းစုန်ဆင်း၍ လုပ်ကိုင်စားသောက်ရန် လွယ်ကူသော နေရာများတွင် အခြေချနေထိုင်ပြီး အိုးအိမ်မြို့ရွာများ တည်ထောင်ကြသည်။ အေဒီ ၁၂-၁၃ ရာစုတွင် တိုင်းမောဝ်များသည် မောအင်ပါယာ (Mao Empire) ကိုတည်ထောင်ခဲ့သည်။ တိုင်းတုမ်း၊ တိုင်းဝမ်း ၊တိုင်းခွမ်၊ တိုင်းဆာ တို့သည်လည်း တိုင်းမောဝ်းလူမျိုးများပင်ဖြစ်သည်။ ၄င်းတို့သည် နန်ချောင်မင်းဆက်ကို တည်ထောင်သော ရှမ်းအုပ်စုများဖြစ်သည်။ တရုတ်လူမျိုးများနှင့် အကြိမ်ပေါင်းများစွာ ပဋိပက္ခဖြစ်သော်လည်း ကြံကြံခံ၍ ခုခံတိုက်ခိုက်ခဲ့သဖြင်ယင်းတို့ကို တိုင်းခေ ဟုခေါ်သည်။ ရှမ်းခြောက်ပြည်တောင်စု ဟုလဲခေါ်သည်။ အေဒီ ၁၂၃၅ ခု တွင် မောရှမ်းတို့သည် မွန်ဂိုတို့ကို ခုခံတိုက်ခိုက်ခြင်းမရှိပဲ ပြေလည်အောင် ဆက်ဆံခဲသဖြင့် မောအင်ပါယာ မပျက်စီးခဲ့ပေ။

ရှမ်းကြီး (ခ) တိုင်းလုံ (ခ) တိုင်းယိုင်
ရှမ်းကြီးတို့သည် ရှမ်းပြည်နယ် အနှံ့အပြားတွင်လည်းကောင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်တို့တွင်လည်းကောင်း နေထိုင်ကြသည်။ သို့သော် ရှမ်းကြာ ဗမာဖြစ် ဆို့သည့်အတိုင်း ရှမ်းများသည် ဗမာ ဖြစ်ကုန်ကြသည်လဲရှိသည်။ ရှမ်းကြီးတို့သည် အိုက်လောဝ် Ai-Lao တို့ဖြစ်ကြပြီး လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ခန့်က တရုတ်တို့ကို စစ်ရှုံးပြီး သံလွင်မြစ်၊ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာခဲ့သူများဖြစ်သည်။ နန်ချောင်းခေတ်တွင် ရှမ်းကြီးတို့သည် မိန်းမင်းဆက် (Mong Dynasty) များဖြစ်ကြပြီး နန်ချောင်းထီးနန်းကို စိုက်ထူခဲ့ကြသူများဖြစ်သည်။ လုံနိုင်ငံတော်မှ လာသော ရှမ်းများဖြစ်သဖြင့် တိုင်းလုံ (ရှမ်းကြီး) ဟုခေါ်သည်။ လုံ သည် ရှမ်းစကားတွင် ကြီးသည်ဟုအဓိပ္ပာယ်ရသည်။ ယိုင် သည်လဲ ကြီးသည်ဟုအဓိပ္ပာယ်ရသဖြင့် ရှမ်းကြီးကို တိုင်းယိုင်ဟုလဲခေါ်သည်။


တိုင်းလူး (ဆစ်ဆောင်ပန်းနား)
ဆစ်ဆောင်ပန်းနား ဒေသသည် တောင်ဘက်တွင် ရှမ်းပြည်နယ် (မြန်မာ)၊ အရှေ့ဘက်တွင် လောနိုင်ငံ၊ အနောက်ဘက်တွင် ယူနန်နယ်နှင့်စပ်လှက်ရှိပြီး တရုတ်ပြည်၏ တောင်ပိုင်းတွင်ရှိသည်။ ဆစ်ဆောင်ပန်းနားဒေသတွင် နေထိုင်သောရှမ်းများကို တိုင်းလူး (လူးရှမ်း) ဟုခေါ်သည်။ ဆစ်ဆောင်ပန်းနားသည် လူးရှမ်းတို့၏ တိုင်းပြည်ဖြစ်ပြီး "ဆယ်နှစ်ပြည်ထောင်တိုင်းပြည်" ဟုအဓိပ္ပာယ်ရသည်။ ထိုကဲသို့ ဆယ်နှစ်ပြည်ထောင် အုပ်ချုရေးစနစ်သည် ရှေးခေတ် ရှမ်းလူမျိုးတို့၏ အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ မြန်မာပြည်ရှိ ရှမ်းတို့သည်လဲ အေဒီ ၉၅၇ ခုတွင် ကမ္ဘောဒီးယားမှ "တိုင်းခိုရတ်" (ခိုရတ်ရှမ်း) တို့ထံမှ အုပ်ချုပ်ရေးစနစ် ကိုယူ၍ (၁၂) ပြည်ထောင်စနစ်ဖြင့် အုပ်ချုပ်လာခဲ့ကြသည်။ ဘုရင့်နောင်လက်ထက်သို့ရောက်သောအခါ (၉) ပြည်ထောင်စနစ်ဖြင့် တိုင်းပြည်ကို စီမခန့်ခွဲသည်ကို တွေ့ရသည်။ မဲခေါင်မြစ် အနောက်ဘက်တွင် (၁၂) မြို့၊ အရှေ့ဘက်တွင် (၁) မြို့ရှိသည်။ "ဆစ်ဆောင်" သည် (၁၂) ဟုအဓိပ္ပာယ်ရှိသည်။ ငါးမြိုမှ ဆယ်မြို့ ရှိသောဒေသကို "တစ်ပန်းနား" ဟုခေါ်သည်။ တစ်နည်းအားဖြင့် "ပန်း" သည် ရှစ်ဆယ်ဖြစ်ပြီး "နား" သည် လယ် ဖြစ်သည်။တိုင်းလူးများကို တရုတ်တို့က ပါးယီ (Pa Yi) ဟုခေါ်သည်။ လူးရှမ်းများသည် ကျိုင်းတုံဒေသ၊ လမ်းပွန်ဒေသ၊ ကျိုန်းဟိုင်းဒေသ၊ လောနိုင်ငံအတွင်းပိုင်း နမ့်ဦးဒေသ၊ လောနိုင်ငံရှိ မဲခေါင်မြစ်ဝှမ်း တစ်လျှောက်မှ စီထန်ထရွန် (Si Tan Dorn) ကျွန်းစုလေးထောင် အထိနေထိုင်ကြသည်။ အေဒီ ၁၉၁၈ ခုတွင် တရုတ်ပြည်အတွင်၌ လူးရှမ်းဦးရေ ၃၅၀,၀၀၀ ဦး၊ ကျိုင်းတုံဒေသတွင် ၅၀၀,၀၀၀ ဦး၊ လောနိုင်ငံနှင့် ထိုင်းနိုင်ငံတွင် ၇၅၀,၀၀၀ ဦးရှိသည်။ ဆစ်ဆောင်ပန်းနား၏ မြို့တော်သည် ကျိုင်းဟုန် (Chieng Rung = အာရုံဦးမြို့တော်) ဖြစ်သည်။ ဆစ်ဆောင်ပန်းနားဒေသသည် မူလက မြန်မာပြည်ရှိ ရှမ်းလူမျိုးများနှင့် အတူရှိခဲ့ပြီး အေဒီ ၁၈၇၄ ခုတွင် ကျိုင်းတုံစော်ဘွားနှင့် မြန်မာဘုရင်တပ်များက သွားရောက်တိုက်ခိုက်သဖြင့် လူးရှမ်းများက တရုတ်တို့ကို အကူအညီတောင်းခဲ့သည်။ နောက်ပိုင်းတွင် တရုတ်တို့နှင့်သာ အဆက်အသွယ်များခဲ့သည်။ အေဒီ ၁၈၉၂ ခုတွင် အင်္ဂလိပ်တို့က ဆစ်ဆောင်ပန်းနားဒေသကို တရုတ်ပြည်သို့ ခွဲပေးခဲ့သည်။ လူးရှမ်းတို့၏ သမိုင်းဝင်မြိုတော်များက သုံးမြို့ရှိသည်။ ၎င်းတို့မှာ ကျိုင်းတုံ (မြန်မာ) မိန်းလျဲန်း (တရုတ်)ကျိုင်းဟုန့် (တရုတ်) တို့ဖြစ်သည်။ လူးရှမ်းများသည် အေဒီ ၁၃ ရာစုတွင် ကျိုင်းတုံမှ တဆင့် ဗုဒ္ဓဘာသာ (ထေရဝါဒ) ကိုစတင်ရရှိခဲ့သည်။ နတ်ကိုးကွယ်သူတချို့လည်း ရှိနေသေးသည်။ နှစ်သစ်ရောက်လျှင် ဝက်ဖြင့်နတ်ကို ပူဇော်ကြသည်ကို တွေရသည်။

မှတ်ချက်။ ။အရှင်သုခမိန္ဒ (တန့်ယန်း) ၏ ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်မှုနှင့် ဓလေ့ထုံးစံများ စာအုပ်မှကောက်နှုတ်တင်ပြသည်။

မှတ်ချက် ။ ။

0 ဝေဖန်ချက်များ:

Post a Comment