Aug 31, 2013
ရှမ်းပြည်နယ်၏ မြေမျက်နှာပြင်
ရှမ်းပြည်နယ် နယ်နိမိတ်
Jun 26, 2012
အရှောင်နှင့် အဆောင်များ
မိုးဦးကျ လယ်တောဆင်းချိန်တွင် မိုးမမှန်၊ လေမမှတ်ဖြစ်ခဲ့သော် လွန်ဆွဲခြင်း ယုံကြည်ကိုးစားရာ ဘုရား၊ နတ်တို့အား ပူဇော်ပသခြင်း ပြုသည်။ လယ်ယာများတွင် ပိုးမွှားကျရောက်သဖြင့် စိုက်ပျိုးထားသော ကောက်ပဲသီးနှံများ မအောင်မြင်သောအခါ မိမိတို့ မကောင်းမှု ပြုလုပ်ခဲ့သောကြောင့် အပြစ်တို့မှ ခွင့်လွှတ်ရန် တောင်းပန်ခြင်း၊ လယ်ယာများတွင် ဖျက်ဆီးအံ့သော မကောင်းမှု အကုသိုလ်များ ပပျောက်ရန် နတ်ပူဇော်ခြင်းများ ပြုလုပ်လေ့ရှိသည်။
လယ်ထွန်ခြင်း၊ ကောက်စိုက်ခြင်းများကိုလည်း နေ့ကောင်းနေ့မြတ် ရွေးချယ်ပြုလုပ်လေ့ရှိသည်။ တော်သလင်းလ ကျော်လျှင် ကောက်မစိုက်၊ စိုက်လျှင် သီးနှံမထွက်ဟု ယူဆသည်။
စပါးများရိတ်သိမ်းပြီးနောက် စပါးတင်းရေ ပိုမိုထွက်ရန် လယ်ကွင်းထဲတွင် မီးထွန်းပြီး ဆုတောင်း ပသလေ့ရှိသည်။ ကောက်လှိုင်းစည်းများ စုပုံပြီး စပါးမနယ်မီ စပါးနှံများကို ပုခိုင်ခိုင်ခေါ် ဘိုးဥကြီး၊ ဘွားဥကြီးဟု အမည်တပ်ထားသော ကြက်ဥပြုတ် နှစ်လုံးနှင့် မုန့်များ တင်သရသည်။
စပါးများကို အိမ်သို့ သယ်ယူသောအခါတွင် လယ်ကွင်း ယာခင်းမျှ အိမ်အထိ လမ်းတစ်လျှောက်တွင် စပါးပုံကလေးများ အနည်းငယ် ပုံချထားလေ့ရှိသည်။ ထိုသို့ ပုံထားခြင်းမှာ ကျေးငှက်သတ္တဝါ အပေါင်းတို့နှင့် ဝေမျှစားခြင်း ဖြစ်သည်။ ထို့အပြင် လမ်းခရီး၌ အစားအစာ ပြတ်သူများအား စပါးရှိသော နေရာသို့ အလွယ်တကူ ရှာဖွေနိုင်ရန် လမ်းပြအဖြစ် ပုံထားခဲ့ခြင်း ဖြစ်သည်။
Jun 20, 2012
ရှမ်းအမျိုးသားတို့ ဖြစ်ပေါ်လာပုံ (ရှေးရိုးစဉ်လာ)
ရှမ်းအမျိုးသားတို့က မိမိတို့ကိုယ်ကို မိမိတို့ တိုင်း ဟု ခေါ်သည်။ တိုင်း အဓိပ္ပာယ်မှာ တောက်ပခြင်း ဖြစ်သည်။ ရှမ်းရှမ်းဆောက်ပသည်။ မီးခိုးမီးလျှံ (ရှမ်း) စသော စကားများတွင် ရှမ်းစကားလုံးမှာ တောက်ပခြင်း ပြည့်ဝခြင်း သဘောအဓိပ္ပာယ်ကို ဆောင်သည်။
ရှမ်းပြည်ကို မိန်းတိုင်း၊ ရှမ်းလူမျိုးကို ကွန်းတိုင်း၊ ရှမ်းစကားကို ကွမ်းတိုင်းဟု ရှမ်းဘာသာဖြင့် ခေါ်သည်။
မြန်မာစာပေ၊ မြန်မာသမိုင်းများတွင်း ရှမ်းမျိုးအစ မိုင်းမောက ဟူ၍လည်းကောင်း၊ ရှမ်းမင်းအစ ဘိန္ဒက ဟူ၍လည်းကောင်း ဆိုရိုးလင်္ကာများ ရှိခဲ့သည်။
မောဟူသော စကားမှာ မင်းဟူ၍ အဓိပ္ပာယ်ရသည်။ ရွှေလီမြစ်ကို ရှမ်းအခေါ်ဖြင့် နမ့်မောင်းဟု ခေါ်သည်။ ရှေးအခါက ရွှေလီမြစ်ဝှမ်းတစ်လျှောက်တွင် ရှမ်းကိုးပြည်ထောင် တည်ထောင်နေထိုင်ရာမှ ရှမ်းဒေသကို ရွှေလီမြစ်အား အစွဲပြု၍ မောကိုးပြည် (မောင်းကိုးပြည်) ဟုခေါ်ကြသည်။
မြန်မာသမိုင်းများတွင် မိုင်းမော ပြည်ကြီးအား အနောက်မဇ္ဈိတိုင်းသား သကျသာကီဝင်မင်းမျိုး ဘိန္ဒကရာဇာ မင်းကြီးက စတင် တည်ထောင်ခဲ့သည်။ ယင်း၏ သားစဉ်မြေးဆက်များ ပြန့်ပွားသွားပြီး ပြည်ပေါင်းကိုးပြည်ထောင်နှင့် အရံမြို့ပေါင်း ၉၉ မြို့သော ကိုးပြည်ထောင်စုကြီးကို တည်ထောင်ကြသည်ဟု ပါရှိသည်။
ရှမ်းရိုးရာစကားအရဆိုသော် သကျသာကီဝင် မင်းမျိုးအနွယ်ဖြစ်သော ခွန်လူးမင်းခေါ် မင်းတပါးက မိုင်းကောပြည်ကြီးကို စတင် တည်ထောင်အုပ်စိုးသည်ဟု ဆိုသည်။
ထိုမင်းပေါက်ဖွားသော မင်းဆက်များသည် အောက်ပါမြို့ကြီး ကိုးမြို့နှင့် အရံမြို့များတွင် မင်းပြုခဲ့ကြသည် ဆို၏။
စဉ် | မောကိုးပြည်ထောင် မြို့များ | အရံမြို့များ အရေအတွက် |
၁ | မိုးကောင်းမြို့ | ၉၉ မိုင်း (မြို့ငယ်) |
၂ | မိုးညှင်း | ၃၇ ။ (မြို့ငယ်) |
၃ | သောင်သွပ် | ၂၈ ။ (မြို့ငယ်) |
၎ | ညောင်ရွှေမြို့ | ၃၉ ။ (မြို့ငယ်) |
၅ | သိန္နီမြို့ | ၄၉ ။ (မြို့ငယ်) |
၆ | အုန်းပေါင် (သီပေါ)မြို့ | ၂၉ ။ (မြို့ငယ်) |
၇ | မိုးမိတ်မြို့ | ၄၉ ။ (မြို့ငယ်) |
၈ | မိုးနဲမြို့ | ၃၇ ။ (မြို့ငယ်) |
၉ | မိုးပဲမြို့ | ၃၉ ။ (မြို့ငယ်) |
Nov 26, 2011
ရောင်းဝယ် ဖောက်ကားခြင်းနှင့် အချိန်အတွယ်
ရှမ်းပြည်နယ်ဈေးများတွင် တွေ့ရတတ်သော ပစ္စည်များမှာ တောင်ပေါ်ဆန်၊ လက်ဖက်ခြောက်၊ သနပ်ဖက်၊ ပဲပုပ်အခြောက်၊ အစို၊ ခေါပုပ်အမျိုးမျိုး၊ အချဉ်၊ အငန်သိပ် ဟင်းရွက်အမျိုးမျိုး၊ ခြံထွက်ပစ္စည်း အမျိုးမျိုး၊ အိမ်းတွင်း လက်မှုဖြစ် ပင်နီစ၊ ဖျင်စများ၊ ရှမ်းအဝတ်အစားများ၊ စား၊ ပေါက်ပြား အစရှိသော အိမ်သုံးပစ္စည်းများ အိုးခွက်စသည်တို့ ဖြစ်သည်။
ရှမ်းအမျိုးသားများ ရောင်းဝ.်ဖောက်ကားရာတွင် တိုင်းထွာခြင်တွယ်သော စနစ်မှာ အောက်ပါအတိုင်း ဖြစ်သည်-
အခြေခံအားဖြင့် စပါးနှင့်ဆန် ခြင်တွယ်ရာတွင် မြန်မာကဲ့သို့ စလယ်၊ ပြည်၊ ခွဲ၊ တင်း စသည်တို့ကို သုံးသည်
ရှမ်း | မြန်မာ |
ဆီစလယ် = နိုင်ပယ် | လေးစလယ် = တပြည် |
ပြက်ပယ် = ခွိုင်းနိုင် | ရှစ်ပြည် = တခွဲ |
ဆောင်ခွိုင် = တန်နိုင် | နှစ်ခွဲ = တတင်း |
ဆံတန် = နိုင့်လန် | ၁၀တင်း = တဆော |
အလေးချိန်ခွင်များတွင် မြန်မာပိဿာကျပ် အလေးများကို အသုံးပြုပြီး ချိန်ခွင်ကိုလည်း မြန်မာချိန်ခွင်အတိုင်း အသုံးပြုသည်။ စင် ဟုခေါ်သည့် ချိန်ခွင်တစ်မျိုးကိုလည်း အသုံးပြုကြသေးသည်။ ထို စင် ချိန်ခွင်၏ တဖက်တွင် ပုံသေ အလေးတစ်ခု ဆွဲချိတ်ထားသည်။ ချိန်ခွင်ခွက်ရှိသောဖက်မှ ဘောင်တန်းမှာ ပုံသေဖြစ်ပြီး အလေးရှိသောဖက်မှ ဘောင်တန်းမှာ ပိုမိုရှည်လျားကာ အလေးအတွက် ဂဏန်းမှတ်ကွက်များ ရှိသည်။ အလေးချိန်ငယ်လျှင် ယင်းအလေးကို ချိန်ခွင်လျှာအနီးသို့ ရွှေ့ပေးရသည်။ အလေးချိန်များလျှင် ဝေးရာအမှတ်များသို့ ရွှေ့ပေးသွားရသည်။ စင်ချိန်ခွင်တွင် ပိဿာ၊ အခွဲ၊ အဝက်ဟူ၍ အချိန် လေးမျိုးလောက်သာ ချိန်နိုင်ပြီး မှန်ကန်တိကျမှု မရှိချေ။ ကြီးမားသော တောင်းကြီး၊ ပုတ်ကြီးများကို ချိန်ရန်အတွက် စင် ချိန်ခွင်ကြီးများလည်း ရှိသည်။
အရှည်အလျား တိုင်းရာတွင် မြန်မာကဲ့သို့ လက်မမှစပြီး လက်တလံအထိ တိုင်းထွာသည်။ တိုင်းထွာပုံမှာ -
တစ်လက်မ = နုနိုင်
တစ်မိုက် = ကမ်တန်
တစ်ညို = စွမ်နိုင်
တစ်ထွာ = စုပ်နိုင်
တောင်ဆုပ် = ဆောင်ကမ်
တစ်တောင် = ဆောက်နိုင်
နှစ်တောင် = ဆောင်ဆော
လေးတောင် = ဝါးနိုင်
မြေဧရိယာစတုရန်း တိုင်းရာတွင် အလံ ၁၀ ပတ်သည်ကို လေ့နိုင် ဟုခေါ်သည်။ အလံ ၄၀ ပတ်လည်ကို တွန်နိုင်ဟု ခေါ်သည်။ အရှည် အလျားတိုင်းရာတွင် ဆပ်လန့်ဟု အခေါ်တစ်မျိုးလည်း ရှိသေးသည်။ ထိုအတိုင်းအတာမှာ ဘယ်ခြေရာ လက်တဆန့် သို့မဟုတ် ယာခြေ ဘယ်လက်တဆန့် အတိုင်းအတာကို ဆိုလိုသည်။
လုံးပတ်တိုင်းရာတွင်လည်းကောင်း၊ ဒုထည်တိုင်းရာတွင်လည်းကောင်း တစ်ထွာ၊ တစ်ညိုစသည်ဖြင့် တိုင်းကြသည်။ ချောင်း၊ မြောင်း၊ ရေကန်စသော အနက်ကို တိုင်းရာတွင် လူ၏ အရပ်နှင့်တိုင်းတာကြသည်။
Nov 8, 2011
ရှမ်းလူမျိုးများ
၂။ တိုင်းမောဝ်
၃။ တိုင်းလိ၊တိုင်းလူး
၎။ တိုင်းခင်န်၊ (ဂုံရှမ်း)
၅။ တိုင်းဒွဲ၊ယီး၊ယိုင်
၆။ ပူတိုင်း
၇။ တိုင်းချင်း
၈။ တိုင်းပါး
၉။ တူဂျင်း
၁၀။ တိုင်းတုံဂျင်း
၁၁။ တိုင်းလှိုင်း၊တိုင်းနမ့်
၁၂။ တိုင်းပါးယီ
၁၃။ ထိုတိုင်းလို
၁၄။တိုင်းနုံး
၁၅။ တိုင်းဟတ်ကာ
၁၆။ တိုင်းအုံးပေ့
၁၇။ တိုင်းလီ
၁၈။တိုင်းချောင်း
၁၉။ ဒေါင်
၂၀။ တိုင်းနားခီ
၂၁။ ကီလ
၂၂။တူးလောဝ်
၂၃။ ပူလောဝ်
၂၄။ တိုင်းအဟုမ်
၂၅။ တိုင်းထို
၂၆။ တိုင်းတိုင်
၂၇။ တိုင်းနုန်း
၂၈။ တိုင်းထိုတစ်
၂၉။ တိုင်းယန်း၊တိုင်းနန်း
၃၀။ တိုင်းလှိုင်
၃၁။ တိုင်းဖောင်း
၃၂။ တိုင်းခေါင်
၃၃။ တိုင်းလမ်
၃၄။ တိုင်းယော
၃၅။ တိုင်းတူးလောဝ်
၃၆။ ပူပေါင်း
၃၇။ တိုင်းမျှော
၃၈။ လောဖွီး၊ဖူအွန်
၃၉။ တိုင်းနေ
၄၀။ တိုင်းထိုင်း
{အရှင်သုခမိန္ဒ (တန့်ယန်း) ၏ ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်မှုနှင့် ဓလေ့ထုံးစံများ}
Sep 3, 2010
နွားဝန်တင် နှင့် ခေါင်းလောင်းသံ
လူတို့သည် လူမှုရေးအတွက် နေ့စဉ်အမျှ လှုရှားသွားလာလျက် စားသောက်နေထိုင်ရေး ကိစ္စရပ်များ၊ ဖွံ့ဖြိုးတိုးတက်မှု ကိစ္စရပ်များ၊ အမျိုးအနွယ်အလိုက် အပေါင်းအသင်း ဆက်ဆံရေးနှင့် ယုံကြည်ကိုးကွယ်မှု ကိစ္စရပ်များ၊ တဦးနှင့်တဦး ရေမြေ တောတောင် ဘယ်လိုပင်ခြားသော်လည်း တောတောင် ရှိုမြောင်များအကြား အခက်အခဲ အမျိုးမျိုးဖြင့် ဖြတ်ကျော်သွားလာခဲ့သည်မှာ လွယ်ကူသည့် ကိစ္စမျိုးမဟုတ်ပါချေ။
အခက်အခဲကြားမှ ကျော်လွှားဖြေရှင်းခဲ့သည့် ရှေးယခင်က အပြုအမူ လိမ္မာယဉ်ကျေးမှု (Civilization) အဆင့် အတန်းကို ဆိုလိုခြင်းဖြစ်သည်။
သျှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင် လုပ်ကိုင်စားသောက်လျက်ရှိကြကုန်သော တိုင်းရင်းသား လူမျိုးများသည် ခေတ်စဉ်ကိုလိုက်၍ ၄င်းတို့ သုံးစွဲခဲ့သော လူသုံးပစ္စည်းအမျိုးမျိုးမှ သုတေသနပြုလုပ်လျက်တွေ့ရှိသော အချက်အလက်များအရ မှတ်တမ်းတင်ခဲ့ပေသည်။ ထိုကဲ့သို့ သုတေသန ပြုလုပ်ခဲ့ရာမှ တွေ့ရှိချက်များ၊ လှည်းလမ်း၊ ကားလမ်း မရှိသေးသည့်ခေတ် သမယ၌ အသုံးပြုခဲ့သော နွားဝန်တင် နှင့်ခေါင်းလောင်းသံ အကြောင်းကို ဖောက်သည်ချရသည်သာလျှင်--
သျှမ်းတို့သည် လှည်းလမ်း ပေါ်သေးခင် ကုန်ကူးရာ၌ ရှေ့ဆောင်နွား၊ ရှေ့သွားဥဿဖ မှာ နွားဝန်တင်များအထဲမှ ရှေ့ဦးဆုံး အမြဲသွားတတ်ကြသော နွားအရွယ်ကောင်း ရုပ်ကောင်း အင်အားကောင်းတစ်ကောင်မှ သုံးကောင်အထိရွေးချယ်၍ ၄င်းတို့အား အသိအလိမ္မာရှိအောင်၊ အထူးသဖြင့် ခရီးသွားနေစဉ် ဘယ်ရှောင် ညာရှောင်၊ ရှေ့သွား နောက်ဆုတ်၊ အသွား အလာ အရပ် အနား အတွက် သူ့နည်းသူ့ဟန်နှင့် သုံးနှုံးသည့် လူ့စကားလုံးကို လိုက်နာအောင်သင်ကြားလေ့ကျင့်ပေးရ၏။
ခရီးသွားဖန်များသော် မိမိ၏နွားအုပ်မှ ၄င်းတို့ သုံးနှုံးသော စကားလုံးများကို နားလည်၍ လိုက်နာသော နွားတကောင်ကို ရွေးထုတ်၍ ရှေ့ဆောင်လမ်းညွှန်အဖြစ် (ပိုးနမ်း) ဟုသတ်မှတ်လျက် ထိုနွားအား အခြားနွားများထက် အခွင့်အရေးပေးပြီး အထူးတန်ဆာ ဆင်ပေးလိုက်သည်။
ဆင်အပ်သောတန်ဆာများမှာ-
နွားနဖူးစီး၊ နွားဦးကင်းတပ်ဆင်သည့် ရောင်စုံပန်းခက် ပန်းနွယ်၊ မှန်စီရွှေချ၊ ပိုးကြိုး၊ ဖဲကြိုး၊ ကတ္တီပါကြိုး များချယ်လှယ်ထား၏။ အခြားသော ဝန်တင်နွားများကဲ့သို့ ပစ္စည်းထည့်သည့် ခြင်းများမပါ။ ဦးစီးခေါင်းဆောင်ဖြစ့်သည့် လူကြီး၏ အဖိုးတန်ပစ္စည်းများစောင်နှင့် အခြားသော ပစ္စည်းများကို ကျောကုန်းပေါ်တင်လျက် ရှေ့စီးနောက်စီးကြိုးများဖြင့် မြဲအောင် ချည်နှောင်ထားပါသည်။
(ဝိုးတံး-ဝိုးလံး) ဟူ၍ နောက်လိုက် နွားနှစ်ကောင်ထားရသေးသည်။ ပထမ (ဝိုးနမ်း) ရှေ့ဆုံးသွားနွား ကဲ့သို့ နွားနှစ်ကောင်ရွေးချယ်၍ ၄င်းတို့အား ထိုက်သင့်ရာ တန်ဆာဆင်ပေးလျက် ၄င်းတို့၏ ကျောကုန်းပေါ် ခေါင်းလောင်းကြီး တလုံးစီ တင်ပေးလိုက်၏။ (ဝိုးနမ်း) ၏နောက်သို့ ထပ်ကြပ်မကွား အမြဲတစေ လိုက်ရသည့် ဒုတိယ နွားဆောင် ဖြစ်သည်။
ခေါင်းလောင်းကြီး နှစ်လုံးမှာ မတိမ်းမယိမ်း အစဉ်လိုက်၍ အကြီး အငယ်ခွဲခြားထား၏။ အသံမှာလည်း လွန်စွားငြိမ့်ညောင်း သာယာနာဖွယ် ကောင်းလှ၏။ ငါးမိုင်အဝေးသို့ အသံလွှင့်၏။ (ဝါ) ငါးမိုင်တာဝေးမှ ကြားရသည်။ နွားဝန်တင် အသင်းအဖွဲ့ အသီးသီး ရှိကြသေး၏။ ဒေသအလိုက် ရွာအလိုက် နွားဝန်တင်အုပ်စုဟု ဖွဲ့စည်းထားတတ်ကြသေး၏။ အချို့လည်း တသီးပုဂ္ဂလအနေဖြင့် နွားဝန်တင်အအုပ်လိုက် ထား၏။ ထိုအသင့်းအဖွဲ့များမှ ခေါင်းလောင်းကြီး လုံးကြီး၊ လုံးငယ် အသွယ်သွယ်၊ အလုံးလှ အလုံးကောင်း၊ အသံကောင်း ဟူ၍ အသီးသီး တန်ဖိုးထား၍ အချင်းချင်း ဂုဏ်ယူကြသေး၏။
အစဉ်တစိုက် ခရီးသွားသည့်အခါ၊ ရှေ့ဆုံးနွား (ဝိုးနမ်း) နောက်မှ ပစ္စည်းများ အပြည့် တင်ဆောင်သည့် နွားဝန်တင်အုပ်ကြီး ဖြစ်သည်။ နွားဝန်တင်အုပ်ကြီးမှာ နွားအကောင်ရည် အစိတ်မှ ငါးရာအထိ ပါရှိသည်။
ပစ္စည်းများ တင်ဆောင်သည့်အခါ နွားဝန်တင်များ၏ အင်အားကိုလိုက်၍ ပစ္စည်းများ တင်ပေးလိုက်သည်။ အချို့ကိုလည်း ပစ္စည်းမျှပြီး တင်ပေးလေ့ရှိသည်။
နွားဝန်တင်အုပ်ကြီး၏ အလယ်၌ သွားလေ့ရှိသော နွားအလှ နှစ်ကောင်အား ရွေးချယ်လျက် ခေါင်းလောင်းကို တလုံးစီတင်ပေးပြီး လိုက်ပါစေခဲ့သည်။ ခေါင်းလောင်းကြီး၏ အသံမှာ အကြီးအငယ်လိုက်၍ အသံကောင်းပါသည်။
ရှေ့ဆောင်နွားအတွက် ရံဖန်ရံခါ ခြေထောက်နာခြင်း၊ ဝမ်းလျှောခြင်း၊ ရောဂါတခုခုဖြင့် မသွားနိုင်ပါက အရံနွား (ဝိုးနမ်း) ထားရပါသည်။ ရှေ့ဦးဆုံး အမြဲတစေ သွားလေ့ရှိသည့် နွားကိုသာ ရွေးချယ်ရပါသည်။
ရှေ့ဆောင်နွားမရှိလျှင် မဖြစ်ပါ။ ရှေ့ဦးဆုံးသွားရသော နွားကိုကြည့်ပြီး ဝန်တင်နွားအားလုံး လိုက်သွားရခြင်းဖြစ်သည်။ ရှေ့ဆောင်နွား၊ ညွှန်ရာသွားရာ လိုက်သွားရသဖြင့် တောင်တောင်ရှိုမြောင်များ ဖြတ်ကူးသွားလာခြင်း စသောအမှုကို ရှေဆောင်နွား၏ ရဲစွမ်းသတ္တိကြောင့် အောင်မြင်ခဲ့ပေသည်။
ထို့ကြောင့် ထိုရှေ့ဆောင်နွားကောင်းမှ နောက်လိုက်ကြသည့် ဝန်တင်နွား အားလုံးကောင်းသွားပါမည်။ ရောက်လိုသည့်နေရာ စခန်းသို့ ရောက်ရှိနိုင်ပါသည်။
မှတ်ချက် ။ ။ မူရင်းစာအရေးအသားမှ ရှေးယခင်က အရေးအသားဖြစ်သောကြောင့် Shan History Group မှ အနည်းငယ်ပြင်ဆင်ထားပါသည်။ မူရင်းရေးသားသူနှင့် မူရင်းစာအုပ်ကို မဖော်ပြနိုင်ခြင်းအတွက် တောင်းပန်ပါကြောင်း …..
Jul 6, 2010
ဘာသာရေးဆိုင်ရာ ပွဲလမ်းများ
(၁) ရှင်ပြုပွဲ
(၂) ဘုရားရုပ်ပွားတော် လှူပွဲ
(၃) ဓမ္မကျမ်းစာ ပုရပိုက် လှူပွဲ
(၄) အိမ်တက် မင်္ဂလာပွဲ နှင့်
(၅) ဆွမ်းတော်ကြီး ကပ်လှူပွဲ - များ ဖြစ်ကြသည်။
ဖော်ပြပါပွဲများတွင် ရှင်ပြုပွဲ၊ ဘုရားရုပ်ပွားတော် လှူပွဲနှင့် ကျမ်းစာပုရပိုက် လှူပွဲများကို တတ်နိုင်သူများက တဦးချင်း အနေနှင့်လည်းကောင်း သို့မဟုတ် ရပ်ရွာအလိုက် စုပေါင်း၍လည်းကောင်း ကျင်းပလေ့ ရှိသည်။ ထိုပွဲသုံးခုကို တနေရာတည်း၊ တချိန်တည်း ပူးပေါင်း ကျင်းပလေ့ရှိသည်။ ယင်းပွဲကျင်းပသည့်အခါ အလှူ့ဒကာတို့က ကျောင်းကန်ဘုရားအနီး သာယာပြန့်ပြူးသော နေရာတွင် ယာယီအလှူမဏ္ဍပ် ဆောက်လုပ် ကျင်းပကြသည်၊ မဏ္ဍပ်အလယ်နေရာတွင် လှူဖွယ်ပစ္စည်းများနှင့် ဘုရားရုပ်ပွားတော်တို့ကို လှပစွာ ပြင်ဆင်ထားသည်။ ဘုရားစင်တဖက်တချက်တွင် တတောင်ခန့်အမြင့်ရှိ စင်ထိုးပြီး ရာဇမတ်ကာ၊ လှေကားတပ်၍ ငှက်ပျောပင်၊ ကြံပင်များဖြင့် ဆင်ယင်ထားပြီ သက်ကယ်၊ ကောက်ရိုးများ ကာရံထားသည်။ ၀င်းပေါက်များတွင် ရေအိုးစင်များ ဆောက်ထားသည်။
အလှူပွဲနေ့ရက် မတိုင်မီ ကြိုတင်၍ နီးစပ်ရာ ပတ်ဝန်းကျင်ရှိ ဆွေမျိုးသင်္ဂဟများအား အလှူပွဲသို့ ကြွလာရန် လူလွှတ်၍ ဖိတ်ကြားလေ့ရှိသည်။ ဖိတ်ကြားခြင်းကို စကားပြောဆိုရာတွင် လိမ္မာယဉ်ကျေးသူများက ဆောင်ရွက်၍ ဖိတ်ကြားသည့်အခါ ကြက်လျှာနှင့် ပူးတွဲ ချည်နှောင်ထားသော မုန့်ထုပ်နှင့် ဖိတ်လေ့ဖိတ်ထ ရှိသည်။
အလှူနေ့တွင် ရှင်လောင်းများနှင့်တကွ အလှူပစ္စည်းများကို ပွဲခင်းမဏ္ဍပ်သို့ အိုးစည်၊ ဗုံမောင်းများ တီးမှုတ်လျက် ဝေါဖြင့် တင်ဆောင်လာကြသည်။ ရှမ်းအမျိုးသားတို့၏ ဓလေ့ထုံးစံအရ ရှင်ပြုလိုသည့် သားရှင် မိဘများးသည် သားအတွက် ရှင့်အဖနှင့် ရှင့်အမိရှာပြီး သားအား ရှင်ပြုပေးပါရန် အပ်နှံကြရသည်။ ရှင့်အဖနှင့် ရှင့်အမိတို့က ရှင်လောင်းကို အ၀တ်အစား ဆင်ယင်ပေးခြင်း၊ အလှပြင်ပေးခြင်း၊ ဘေးမှ စောင့်ရှောက်ပေးခြင်း တာဝန်များ ယူရသည်။ ရှင်ပြုအဖနှင့် အမိတို့သည် အလှူမှ ဆုများခံပြီး ရရှိသော ငွေများကို ရွာအတွက်လိုအပ်သော ပစ္စည်းများ ၀ယ်ထားရန် ပြန်၍ လှူခဲ့ကြသည်။ ရှင်ပြုပေးသော ရှင့်ဖရှင့်မိများအား ရှင်လောင်းက မိဘအရင်းကဲ့သို့ ချစ်ခင်လေးစားသည်။
ငွေကြေးတတ်နိုင်သည့် အခြေအနေကိုလိုက်ပြီး အလှူပွဲကို သုံးရက်၊ ငါးရက်၊ ခုနှစ်ရက်စသည်ဖြင့် ကျင်းပလေ့ ရှိသည်။ ရပ်ဝေးမှရောက်လာသော ဧည့်ပရိတ်သတ်တို့ တည်းခိုစားသောက်ရေး အားလုံးကို အလှူရှင်များက တာဝန်ယူကြရသည်။
အလှူ ရေစက်ချမည့်နေ့တွင် မဏ္ဍပ်သို့ ဘုန်းကြီးများအား ပင့်၍ ရှင်လောင်းများကို သာမဏေအဖြစ် သင်္ကန်းစည်းပေးပြီး လှူဖွယ်ရာများကို ရေစက်ချ လှူခြင်းဖြင့် အလှူအခမ်းအနား ပြီးမြောက်သည်။ ပွဲပြီးသောည၌ အလှူပွဲတွင် အချက်အပြုတ်မှစပြီး ပါဝင်ကူညီပေးသူများက အိုးစည်၊ ဗုံမောင်းများဖြင့် အလှူရှင်များအတွက် ဆုတောင်းပွဲလုပ်ကြကာ အလှူရှင်များကလည်း အကျွေးအမွေးနှင့် ဆုငွေများပေးကြသည်။
(တိုင်းရင်းသား ရိုးရာဓလေ့ ထုံးစံများ-
မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ) စာအုပ်မှ.....